UNESCO Myanmar မှ “မီဒီယာ၊သတင်းအချက် အလက်နှင့်ဒစ်ဂျစ်တယ်ဆိုင်ရာသိနားလည်မှုကို မြှင့်တင်ပေးခြင်း”ခေါင်းစဥ်ဖြင့်ဟောပြောမည်

0
311

ဆရာများနှင့်လူငယ်များအတွက် UNESCO Myanmar မှ “မီဒီယာ၊သတင်းအချက်အလက်နှင့်ဒစ်ဂျစ်တယ်ဆိုင်ရာသိနားလည်မှုကို မြှင့်တင်ပေးခြင်း”ခေါင်းစဥ်ဖြင့် ဒီဇင်ဘာ ၉ ရက်နေ့လည် ၁ နာရီမှ ၃ နာရီခွဲအထိ ဟောပြောသွားမည်ဖြစ် သည်။

ပညာရေးနယ်ပယ်အသီးသီး၌ မီဒီယာနှင့်သတင်းအချက်အလက်ဆိုင်ရာသိနားလည်မှုနှင့်ဒစ်ဂျစ်တယ်သိနားလည်မှုအား မည်သို့မြှင့်တင်ဖော်ဆောင်သင့်ကြောင်းကိုလည်း ဆွေးနွေးဖော်ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ပြည်တွင်းနှင့်နိုင်ငံတကာမှ ကျွမ်းကျင်ပညာရှင်များက မြန်မာ၊အင်္ဂလိပ် နှစ်ဘာသာဖြင့်ဟောပြောပေးသွားမည်ဖြစ်ကာ တက်ရောက်သူများမှ မေးလိုသည့်မေးခွန်းများအား ဟောပြောပွဲ၏ အမေးအဖြေကဏ္ဍနှင့်ဟောပြောပွဲအပြီး စစ်တမ်းကောက်ယူမှုပုံစံမှဖြစ်စေ မေးမြန်းနိုင်ကြောင်း သိရသည်။

ထို့ကြောင့် ဟောပြောပွဲသို့ တက်ရောက်လိုသူများသည် https://bit.ly/3vRYcPe မှတစ်ဆင့်စာရင်းပေးသွင်းရမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here