၂၀၂၃ ရွေးကောက်ပွဲ လွတ်လပ်ပြီး တရားမျှတမှု ရှိမရှိ ပြောရန် စောနေသေးကြောင်း ကျားဖြူပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းပြော

0
193

နစက ဦးဆောင်ကျင်းပမည့် ၂၀၂၃ ခုနှစ် ရွေးကောက်ပွဲသည် လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲ ဖြစ်မဖြစ်ကို ပြောဆိုရန် အချိန်စောနေသေးပြီး စောင့်ကြည့်ရဦးမည့်အခြေအနေဖြစ်ကြောင်း ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းက ပြောသ ည်။

လာမည့် ၂၀၂၃ ခုနှစ်တွင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ရွေးကောက်ပွဲ ကျင်းပပေးမည်ဟု နစက ခေါင်းဆော င် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ကတိပြုထားသော် လည်း နိုင်ငံတကာ အသိုင်းအဝိုင်းနှင့် အတိုက်အခံ အင် အားစုများက အဆိုပါ ရွေးကောက်ပွဲသည် ဟန်ပြရွေး ကောက်ပွဲမျှသာဖြစ်နိုင်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်လာနိုင်မည်မဟုတ်ကြောင်း ပြောဆိုနေကြခြင်း ဖြစ်သည်။

အဆိုပါ အခြေအနေများနှင့် ပတ်သက်၍ ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ် ပါတီ ဥက္ကဋ္ဌ ဦးစိုင်းအိုက်ပေါင်းထံ ပေါ်ပြူလာနယူး(စ်) က ဆက်သွယ်မေးမြန်းစဉ် ၎င်းက ပြန်လည်ဖြေကြားခဲ့ခြင်းလည်း ဖြစ်သည်။

” အဲဒါက ပြောဖို့စောသေးတယ်ဗျ။ ပြောဖို့ စောသေးတယ်။ ၂၀၂၃ နှစ်‌လယ်လောက်မှ ပြောလို့ ရမှာပေါ့နော်။ စောင့်ကြည့်ရမှာပေါ့နော်။ စောင့်ကြည့်ရမှာပေါ့ ” ဟု ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်သည့် နစက အနေဖြင့် လာမည့် ၂၀၂၃ ခုနှစ်တွင် ပါတီစုံ အထွေထွေရွေးကောက်တစ်ရပ် ကျင်းပကာ အနိုင်ရသည့် ပါတီအား အာဏာလွှဲအပ်သွားမည်ဟု ပြောဆိုထားပြီး အဆိုပါ ရွေး ကောက်ပွဲအား လွတ်လပ်ပြီး တရားမျှတသည့် ရွေးကောက်ပွဲဖြစ်ကာ နိုင်ငံတဝန်း အကြားအလပ်မရှိ ကျင်းပနိုင်ရန် စီစဉ်လုပ်ဆောင်နေကြောင်းလည်း ပြောကြားထား သည်။

လက်ရှိတွင် ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်က မဲ ဆန္ဒရှင် စာရင်းများတိုက်ဆိုင်စစ်ဆေးမှုများကို လဝက ဝန်ကြီးဌာနနှင့် ပူးပေါင်းလုပ်ဆောင်နေပြီး လွတ်လပ်ပြီးတရားမျှတသည့် ရွေးကောက်ပွဲ တစ်ရပ် ကျင်းပပေးနိုင်ရေး ကြိုးစားလုပ်ဆောင်နေကြောင်းလည်း UEC တာဝန်ရှိသူများ၏ ပြောကြားချက်များအရ သိရသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီအနေဖြင့် ပြ ည်သူလူထုမှ တာဝန်ပေးလာပါက ပြည်သူလူထု၏ အ ကျိုးစီးပွားနှင့် တိုင်းပြည်တည်ငြိမ်အေးချမ်းရေးအတွက် ကြိုးစားဆောင်ရွက်သွားမည်ဟုလည်း ဦးစိုင်းအိုက်ပေါင်းက ပြောသည်။

” ကျွန်တော်တို့က ပြည်သူအကျိုးရှိအောင်ပေါ့နော်။ ပြည်သူရဲ့ အခက်အခဲပြဿနာတွေ အားလုံးနဲ့ တိုင်းပြည်တည်ငြိမ်အေးချမ်းအောင် ကြိုးစားမယ်။ ကျွန်တော်တို့ လုပ်ပိုင်ခွင့်ရရင် ပြည်သူလူထု ကြီးပွားတိုးတက်ချမ်းသာအောင် ကျွန်တော်တို့ ကြိုးစားမယ်။ အဲဒါက ကျွန်တော်တို့ ရည်မှန်းချက်ပဲဗျ” ဟု ၎င်းက ဆိုသည်။

ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီသည် ၂၀၁၀ ခုနှစ်တွင် စတင်တည်ထောင်ခဲ့သည့် တိုင်းရင်းသားပါတီတစ်ခုဖြစ်သည်။

နစကအနေဖြင့် လာမည့် ၂၀၂၃ ရွေးကောက်ပွဲတွင်အချိုး ကျရွေးချယ်သည့် စနစ်ဖြစ်သည့် PR စနစ်ကို ကျင့်သုံးသွားမည် ဖြစ်ပြီး အဆိုပါ စနစ်သည် အင်အားနည်းသည့် ပါတီငယ်များနှင့် တိုင်းရင်းသား ပါတီများအတွက် အ ခွင့်အရေးရှိနေသည့် စနစ်တစ်ခုဖြစ်ကြောင်း သုံးသပ်မှုများ ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here