ဗြိတိန် ရုပ်သံစတားအား ကျေးဇူးတင်ရှိကြောင်း ဇယ်လန်းစကီး ပြောကြား

0
180

ဗြိတိန် ရုပ်သံတင်ဆက်သူနှင့် စွန့်စားခရီးသွားသူ Bear Grylls သည် ယူကရိန်းနိုင်ငံသို့ရောက်ရှိလာပြီး သမ္မတ ဇယ်လန်းစကီးနှင့် တွေ့ဆုံခဲ့ရာ ယခုကဲ့သို့ လာရောက်လည်ပတ်မှုအတွက် ကျေးဇူးတင်ရှိကြောင်း ဇယ်လန်းစကီးက သူ၏ တရားဝင် တယ်လီဂရမ်အကောင့်တွင် ရေးသားထားသည်။

သမ္မတဇယ်လန်းစကီးသည် ဒီဇင်ဘာ ၁ရက်နေ့က ဗြိတိန်ရုပ်သံစတားနှင့် တွေ့ဆုံခဲ့သည့် ဓာတ်ပုံများနှင့်တကွ “ယူကရိန်းနိုင်ငံသားတွေရဲ့ လွတ်လပ်မှုနဲ့ ဒီမိုကရေစီအတွက် တိုက်ပွဲဝင်မှု၊ ကျွန်ုပ်တို့ပြည်သူများအပေါ် ရန်လိုသူတို့၏ ဒုံးပျံများကြောင့် ထိတ်လန့်နေမှုတို့အကြောင်းကို ကမ္ဘာကကြားသိစေရေး ပြုလုပ်ရန်မှာ အရေးကြီးသည်”ဟူ၍လည်း သူ၏ တယ်လီဂရမ်အကောင့်တွင် ရေးသားထားသည်။

Source: Zelenskiy / Official


LEAVE A REPLY

Please enter your comment!
Please enter your name here