ထိုင်ဝမ်ခရီးစဉ်တွင်မပါဝင်ကြောင်း ဩစတြေးလျဝန်ကြီးချုပ်ပြောကြား

0
183

ဆစ်(ဒ)နီ၊ဒီဇင်ဘာ ၃

အင်ဒို – ပစိဖိတ်ဒေသငြိမ်းချမ်းရေးကိုထိန်းသိမ်းရန်ရည်ရွယ်သည့် လွှတ်တော်အဖွဲ့ဝင်များ၏ ငါးရက်ကြာထိုင်ဝမ်ခရီးစဉ်တွင် မိမိလိုက်ပါသွားမည်မဟုတ်ကြောင်း ဩစတြေးလျဝန်ကြီးချုပ်အန်တိုနီအယ်လ်ဘနီးဇ်ကပြောကြားခဲ့သည်။

ဩစတြေးလျ၏အာဏာရလေဘာပါတီနှင့် အတိုက်အခံလစ်ဘရယ်အမျိုးသားညွန့်ပေါင်းပါတီ၏ လွှတ်တော်အမတ်များပါဝင်သော ကိုယ်စားလှယ်အဖွဲ့သည် တနင်္ဂနွေနေ့တွင်ထိုင်ဝမ်သို့သွားမည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်နောက်ပိုင်း ပထမဆုံးခရီးစဉ်လည်းဖြစ်သည်ဟုဆိုသည်။

သို့သော်မစ္စတာအယ်လ်ဘနီးဇ်ကမူ ယခုခရီးစဉ်သည် အစိုးရအစီအစဉ်ဖြင့်သွားခြင်းမျိုးမဟုတ်ကြောင်းပြောကြားခဲ့ပြီး ယခုအဖွဲ့၏ရည်မှန်းချက်အားမေးရာတွင် ၎င်းသွားမည်မဟုတ်သဖြင့် မသိကြောင်းသာပြောကြားခဲ့သည်။

အဆိုပါအဖွဲ့သည် ထိုင်ဝမ်သမ္မတဆိုင်အင်ဝမ် နှင့် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ ဂျိုးဇက်ဝူတို့နှင့်လည်းတွေ့ဆုံမည်ဖြစ်ကြောင်းသိရှိရသည်။

တစ်ဖက်ကလည်း ဩစတြေးလျဝန်ကြီးချုပ်သည် အင်ဒို၌ပြုလုပ်ခဲ့သည့် G – 20 ထိပ်သီးအစည်းအဝေးပြင်ပ၌ တရုတ်သမ္မတရှီနှင့်တွေ့ဆုံခဲ့ပြီး နှစ်နိုင်ငံပိုမိုပူးပေါင်းနိုင်ရန်မျှော်လင့်လျက်ရှိသည်ဟုဆိုခဲ့သည်။

ဩစတြေးလျသည်အခြားနိုင်ငံအများစုကဲ့သို့ပင် ထိုင်ဝမ်နှင့်တရားဝင်သံတမန်ဆက်ဆံရေးမရှိသော်လည်း တရုတ်၏စစ်ရေးအရအင်အားကြီးလာမှုနှင့်ဖိအားပေးမှုများအတွက် စိုးရိမ်မှုမှာမူ ၎င်း၏မဟာမိတ်အမေရိကကဲ့သို့ပင်ဖြစ်သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here