ကမ္ဘာ့ရွှေဈေး ဆက်တိုက်မြင့်တက်နေပြီး ပြည်တွင်းရွှေဈေးကွက်တွင် ရည်ညွှန်းဈေးအပြင် ပြင်ပပေါက်ဈေးပါ အတက်ဘက်သို့ ဦးတည်လာ

0
172

ယခုရက်ပိုင်းအတွင်း စံချိန်တင်မြင့်တက်နေသည့် ကမ္ဘာ့ရွှေဈေးနှင့်အတူ ပြည်တွင်းရွှေဈေးကွက်တွင်လည်း ရွှေဈေးနှုန်း အနည်းငယ်မြင့်တက်လာကြောင်း ရွှေလုပ်ငန်း လုပ်ကိုင်သူများထံမှ သိရသည်။

ကမ္ဘာ့ရွှေဈေးနှုန်းမှာ ယမန်နေ့ ညနေပိုင်း ဈေးကွက် ပိတ်ချိန်တွင် အခေါက်ရွှေတစ်အောင်စလျင် အမေရိကန်ဒေါ် လာ ၁၈၀၂ ဒေါ်လာအထိ မြင့်တက်ခဲ့ပြီး အဆိုပါ ဈေးနှု န်းမှာ ပြီးခဲ့သည့် (၃) လအတွင်း အမြင့်ဆုံးဈေးနှုန်းသို့ ရောက်ရှိခဲ့ခြင်း ဖြစ်သည်။

ယင်းကဲ့သို့ ကမ္ဘာ့ရွှေဈေးနှုန်း မြင့်တက်လာမှုနှင့်အတူ ပြည်တွင်း ရွှေဈေးကွက်တွင်း အတက်ပြခဲ့ပြီး အခေါက် ရွှေ တစ်ကျပ်သားလျင် (၂၇) သိန်း ဝန်းကျင်သို့ ရောက်ရှိလာခြင်း ဖြစ်သည်။

ရန်ကုန်ရွှေအသင်း၏ ဒီဇင်ဘာ (၂) ရက် ညနေပိုင်း ရည်ညွှန်းဈေး အပိတ်ဈေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ်သားလျင် ၂၁၂၂၀၀၀ ကျပ် ဈေးမြင့်သတ်မှတ်ခဲ့ပြီး ပြင်ပဈေးကွက်အတွင်း အရောင်းအဝယ်ဖြစ်သည့် ဈေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ်သားလျင် ၂၆၇၅၀၀၀ ကျပ် ဖြစ် ကြောင်း ရန်ကုန်ရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရသည်။

ယနေ့ ဒီဇင်ဘာ (၃) ရက် စနေနေ့ နံနက်ပိုင်း ဈေးကွက်ဖွင့်ချိန်တွင် ရန်ကုန်ရွှေအသင်း၏ ရန်ကုန်အထိုင် ရည်ညွှန်းဈေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ်သားလျင် ၂၁၁၇၀၀၀ ကျပ်ဖြင့် ဈေးဖွင့်ထားပြီး ယမန် နေ့ ညနေပိုင်းအပိတ်ဈေးနှင့် ၅၀၀၀ ကျပ် ဈေးချသတ်မှတ်ထားကြောင်း တွေ့ရသည်။

ကမ္ဘာ့ရွှေဈေးနှုန်းအနေဖြင့်လည်း ယနေ့နံနက်ပိုင်း အဖွင့်ဈေးနှုန်းမှာ အခေါက်ရွှေတစ်အောင်စလျင် အမေရိကန်ဒေါ်လာ ၁၇၉၇ ဒေါ်လာဖြစ်ကြောင်း ရန်ကုန်ရွှေအသင်းက ကြေညာထားပြီး ယင်းဈေးနှုန်းမှာ ပြီးခဲ့သည့် သီတင်းပတ်တစ်ခုလုံးနှင့် နှိုင်းယှဉ်ပါက သိသိသာသာဈေးမြင့်တက်နေဆဲဖြစ်သည်။

လက်ရှိတွင် ပြည်တွင်းဈေးကွက်အတွင်း၌ ရွှေအရောင်းအဝယ်အေးနေပြီး ပြီးခဲ့သည့်  စက်တင်ဘာလနှင့် အောက်တိုဘာလများထက်ပင် ဝယ်လိုအားလျှော့နည်းနေကြောင်း ရန်ကုန်ရွှေဈေးကွက်အတွင်းရှိ ရွှေလုပ်ငန်းလုပ် ကိုင်သူများထံမှ စုံစမ်းသိရှိရသည်။

လက်ရှိတွင် ယင်းကဲ့သို့ အရောင်းအဝယ်အေးနေသည့် အတွက် ရွှေဈေးကစားသူများက ဈေးစွဲတင်ကာ ဈေးကစားလာနိုင်ခြေရှိပြီး ရွှေဈေး ဆက်လက်မြင့်တက်လာနိုင်ခြေရှိကြောင်း သုံးသပ်မှုများလည်း ရှိနေသည်။

ထို့အပြင် အစိုးရမှ  ရွှေဒင်္ဂါးများ ထုတ်ရောင်းပေးနေသော်လည်း စျေးကွက်အတွင်းသို့ ထိထိရောက်ရောက် ဝင်ရောက်လာနိုင်သည့် အခြေအနေ မရှိခြင်းသည်လည်း ပြင်ပ၌ အရောင်းအဝယ်လုပ်သူများ၏ ရွှေစျေးကွက်အား လိုသလို ထိန်းချုပ်ကစားနိုင်သည့် အကြောင်းရင်းတစ်ရပ်ဖြစ်နေကြောင်းလည်း ရွှေလုပ်ငန်းရှင်အချို့မှသုံးသပ်ကြောင်း သိရသည်။

​အစိုးရ​ရောင်း​ပေး​သော​ရွှေကို အမှန်တကယ်သုံးစွဲရန်ဝယ်ယူမူမျိုးထက် ​ငွေ​ကြေးရယူပြီးဝယ်​ရောင်းလုပ်ကြသဖြင့် ယခင်ရက်များဆီက ဝယ်ယူသူ၏ ​ဝင်ငွေရလမ်းပြသရမည်ဟု အစိုးရဖက်က ​ကြေငြာချက်ထုတ်ခဲ့​သေးသည်။

ယနေ့ ဒီဇင်ဘာ (၃) ရက် နံနက်ပိုင်း ရန်ကုန်ရွှေအသင်း၏ ရည်ညွှန်းဈေးနှုန်းမှာ အခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၁၁၇၀၀၀ သတ်မှတ်ထားပြီး ပြင်ပဈေး ကွက်အတွင်း အရောင်းအဝယ်ဈေးနှုန်းမှာ ၂၆၈၀၀၀၀၀ ဝန်းကျင်ဖြင့် ဈေးဖွင့်ကာအရောင်းအဝယ် ပြုလုပ်ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here