ရှုခင်းသာ ၅ ကွေ့တွင် အငှားယာဉ်တစ်စီး လမ်းလယ်တုံးများအားတိုက်မိပြီး တိမ်းမှောက်မှုဖြစ်ပွား တစ်ဦးသေ တစ်ဦး ဒဏ်ရာရ

0
124

ရန်ကုန်တိုင်းဒေသကြီး၊ သာကေတမြို့နယ်၊ ရှုခင်းသာလမ်းမကြီး ၅ ကွေ့တွင် အငှားယာဉ်တစ််စီး လမ်းလယ်တုံးများအားတိုက်မိပြီး တိမ်းမှောက်မှု ဒီဇင်ဘာ ၃ ရက် ညပိုင်းကဖြစ်ပွားခဲ့ကြောင်း သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့ထံမှ သိရသည်။

ဒီဇင်ဘာ ၃ ရက် ည ၉ နာရီ မိနစ်အချိန်ခန့်တွင်ယာဥ်တစ်စီးမှ လမ်းလယ်တုံးများအား တိုက်မိပြီး တိမ်းမှောက်မှုဖြစ်ကြောင်း အကြောင်းကြားလာသည့်အတွက် သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့မှ ထိခိုက်လူနာ(ကျား)တစ်ဦး (စိုးရိမ်ရ)နှင့် (ကျား)တစ်ဦး (မစိုးရိမ်ရ) အား မိတ်ဖက်အဖွဲ့အစည်းများနှင့်ပူးပေါင်းကာ ရှေးဦးပြုစုပြီး ပေးဆပ်သူတို့နှလုံးသားပရဟိတ အသင်းကားဖြင့် ရန်ကုန်ပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ကူညီပေးခဲ့ရသည်။

ထိုသို့ပို့ဆောင်ခဲ့သော်လည်း စိုရိမ်ဒဏ်ရာရအမျိုးသားမှာ သေဆုံးသွားကြောင်း သိရသည်။

သာကေတမြို့နယ်ရှိ ရှုခင်းသာလမ်းမကြီး၏ ရှု ခင်းသာပတ်လမ်းတွင် နိုဝင်ဘာ ၂၉ ရက်ညနေ ၅ နာရီခွဲကျော်ခန့်က ခရီးသည်တင် YBS ကား ၂ စီးတိုက်မိ၍ အမျိုးသားတစ်ဦး လက်ပြတ်သွားခဲ့ပြီး နိုဝင်ဘာ ၁၄ ရက်နေ့လည် ၁ နာရီခွဲခန့်ကလည်း ရှု ခင်းသာလမ်းမကြီးပေါ်ရှိ ၅ ကွေ့မှတ်တိုင်အနီးတွင် ကွန်တိန်နာကား အရှိန်မထိန်းနိုင်ဘဲတိမ်းမှောက်၍ အမျိုးသား ၂ ဦးတွင် ထိခိုက်ဒဏ်ရာများရရှိခဲ့သည့် ဖြစ်စဥ်များဖြစ်ပွားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here