ဩစတြေးလျကို အနိုင်ယူပြီး အာဂျင်တီးနား ကွာတားဖိုင်နယ်အဆင့်တက်ရောက်

0
156

၂၀၂၂ ကမ္ဘာ့ဖလားမှာ ချန်ပီယံဖြစ်နိုင်ချေအများဆုံးအသင်းတွေထဲက တစ်သင်းဖြစ်တဲ့ အာဂျင်တီးနားအသင်းလည်း ဩစတြေးလျအသင်းကို အနိုင်ရရှိပြီး ကွာတားဖိုင်နယ်အဆင့်တက်ရောက်သွားပြီဖြစ်ပါတယ်။

အာဂျင်တီးနားဟာ ပွဲစကတည်းက ဩစတြေးလျကို တစ်ဖက်သတ်ဖိအားပေးကစားခဲ့ပြီး မက်ဆီနဲ့ အယ်လ်ဗာရက်တို့ရဲ့ သွင်းဂိုးတွေနဲ့ဦးဆောင်နိုင်ခဲ့ပြီး ပွဲကစားချိန် ၇၇ မိနစ်မှာ အာဂျင်တီးနား ကွင်းလယ်ကစားသမား ဖာနန်ဒက်ဇ် ကိုယ့်ဂိုးကိုယ် သွင်းမိတာကြောင့် ပွဲအပြီးမှာ အာဂျင်တီးနားဟာ ၂ ဂိုး ၁ ဂိုးနဲ့အနိုင်ရရှိခဲ့ပါတယ်။

အာဂျင်တီးနားဟာ အုပ်စုအဆင့်ပွဲစဉ်အစ ဆော်ဒီအာရေဗျအသင်းကိုရှုံးနိမ်ခဲ့ပြီးနောက်ပိုင်း ပုံစံကောင်း ပြန်ရနေတာလည်း ဖြစ်ပါတယ်။

ဩစတြေးလျအသင်းကတော့ ၁၆ သင်း ရှုံးထွက်အဆင့်မှာပဲကျေနပ်လိုက်ရတဲ့ ပထမဆုံး အာရှကိုယ်စားပြုအသင်းဖြစ်လာပါတယ်။

ဩစတျေးလျလိုပဲ ဂျပန်အသင်းဟာ ခရိုအေးရှား၊ တောင်ကိုရီးယားအသင်းဟာ ဘရာဇီးစတဲ့ အင်အားကြီး အသင်းတွေနဲ့ ယှဉ်ပြိုင်ရဖို့ရှိနေပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here