G7 နိုင်ငံများ၏ ရုရှားရေနံစိမ်းဈေးနှုန်းသတ်မှတ်ချက် အလွန်မြင့်မားနေဟု ဇယ်လန်းစကီးဝေဖန်

0
265

G7 နိုင်ငံများက ရုရှားနိုင်ငံထံမှ ဝယ်ယူမည့် ရေနံစိမ်းများအတွက် တစ်စည်လျှင် ဒေါ်လာ ၆၀ အဖြစ် သတ်မျတ်ချက်သည် အလွန်မြင့်မားနေပြီး၊ ရုရှား၏ စစ်မက်တိုက်ခိုက်မှုကို သိသိသာသာ တားဆီးနိုင်လောက်အောင် နည်းပါးခြင်းမရှိဟု ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ဝေဖန်ပြစ်တင်လိုက်သည်။ ထို့ကြောင့် G7 နိုင်ငံများအနေဖြင့် “ကြီးမားသောဆုံးဖြတ်ချက်များ”ချမှတ်ခြင်းကို ရှောင်ရှားစေလိုကြောင်းလည်း သူက အကြံပြုလိုက်သည်။

ရုရှားနှင့် ကာလတာရှည်စွာ စေ့စပ်ညှိနှိုင်းမှုများပြုလုပ်ပြီးနောက် ဥရောပသမဂ္ဂသံတမန်များ၏ သဘောတူညီမှုရရှိခဲ့ပြီး တစ်ရက်အကြာတွင်ပြောကြားသည့် သူ၏ညစဉ်မိန့်ခွန်းထဲတွင် ဇယ်လန်းစကီးက ထိုသို့ ထည့်သွင်းဝေဖန်လိုက်ခြင်းဖြစ်သည်။

ဥရောပနိုင်ငံများအနေဖြင့် ဆောင်းတွင်း လောင်စာလိုအပ်မှုမြင့်မားနေသဖြင့် အပေးအယူသဘောအဖြစ် ရေနံစိမ်း တစ်စည်လျှင် ဒေါ်လာ ၆၀ အဖြစ် သတ်မှတ်ရန်သဘောတူညီခဲ့ကြခြင်းဖြစ်ကြောင်းသိရသည်။

ယူကရိန်းဖက်ကမူ ရေနံစိမ်းတစ်စည်လျှင် ဒေါ်လာ ၃၀ မျှသာပေးခြင်းက သင့်တော်ကြောင်း ဆိုခဲ့ပြီး၊ ဥရောပရေပိုင်နက် နိုင်ငံအုပ်စုတစ်စုကမူ ၎င်းတို့၏ လုပ်ငန်းနှင့် အကျိုးစီးပွားများ မထိခိုက်စေရေးအတွက် တစ်စည်လျှင် ဒေါ်လာ ၇၀ သို့မဟုတ် ယင်း၏ အထက်ပေးရန်တောင်းဆိုခဲ့သေးသည်။ ထို့ကြောင့် နောက်ဆုံးတွင်မူ စေ့စပ်ညှိနှိုင်းကြသူများသည် တရုပ်နှင့် အိန္ဒိယကဲ့သို့သော ရုရှားထံမှ ရေနံအဓိကဝယ်လက်များ လက်ရှိပေးနေကြသည့် ဈေးနှုန်းအနီးရှိ ဈေးနှုန်းတစ်ခုကို ဆုံးဖြတ်သတ်မှတ်ခဲ့ကြခြင်းဖြစ်သည်။

Ref: Zelensky Says Price Cap Set on Russian Oil Is Too High


LEAVE A REPLY

Please enter your comment!
Please enter your name here