တာချီလိတ်မြို့ရှိ နေအိမ်အဌားလိုင်းခန်း၏ အ ခန်းတွင်း၌ အသက်(၁၇)နှစ်အရွယ်မိန်းကလေးတစ်ဦးအား သေဆုံးလျက်တွေ့ရှိ

0
325

ရှမ်းပြည်နယ်၊တာချီလိတ်မြို့၊ဝိန်းကျောက်ရပ် ကွက်ရှိ နေအိမ်အဌားလိုင်းခန်း၏ အခန်းတွင်း၌ မနန်းအွန်ကျောက်(ခ)နန်းအွန်ပင်း(၁၇)နှစ်အား ဒီ ဇင်ဘာ ၄ ရက်မွန်းလွဲပိုင်းက သေဆုံးလျက်တွေ့ရှိခဲ့ရသည်ဟု ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းမှ သိရသည်။

ယင်းနေ့မွန်းလွဲ ၂ နာရီခန့်က ဝိန်းကျောက်ရပ်ကွက်အတွင်းရှိ နေအိမ်လိုင်းခန်းငှားတစ်ခု၏ အ ခန်းတွင်း၌ အမျိုးသမီးတစ်ဦး သေဆုံးနေကြောင်း သတင်းအရ ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်းက သယ်ယူရန်သွားရောက်ခဲ့ကြသည်။

“အမျိုးသမီး အလောင်းတွေ့လို့ ကူညီပေးပါဆိုပြီးသတင်းဝင်လာတာနဲ့ အပိုင်ရဲစခန်းဖြစ်တဲ့ ဟောင်လိတ်ရဲစခန်းသို့ အကြောင်းကြားပြီးဖြစ်စဉ်နေရာသို့ ချက်ချင်းသွားခဲ့ပါတယ် ပြင်ပဒဏ်ရာမရှိပါဘူး”ဟု ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအ သင်း၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

သေဆုံးသူသည် မိုင်းယောင်းမြို့နေ မနန်းအွန်ကျောက်(ခ)နန်းအွန်ပင်း(၁၇)နှစ်ဖြစ်ကာ တာဝန်ရှိသူများ၏ စစ်ဆေးမှုများပြုလုပ်ပြီးနောက် သေ ဆုံးရသည့်အကြောင်းရင်းအား ရင်ခွဲစစ်ဆေးနိုင်ရန် ရုပ်အလောင်းအား တာချီလိတ်မြို့ပြည်သူ့ဆေးရုံကြီးရင်ခွဲရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဆရာဝန်များ၏ ရင်ခွဲစစ်ဆေးမှုပြီးနောက် ညနေ ၄ နာရီ ၅၀ မိနစ်ခန့်တွင် ရုပ်အလောင်းအား သဂြိုလ်နိုင်ရန် တာချီလိတ်မြို့ပြည်သူ့ဆေးရုံကြီးမှတဆင့် မကာဟိုခမ်းရပ်ကွက်ရှိ မဟာမြတ်မုနိ ဘုန်းတော်ကြီးကျောင်း နာရေးဆောင်သို့ ဆက်လက်ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo-ဦးလှမိုး(တာချီလိတ်)လူမှုကူညီရေးအသင်း


LEAVE A REPLY

Please enter your comment!
Please enter your name here