ကန်ကျနဘူရီခရိုင်တွင် မလေးရှားနိုင်ငံသို့သွား ရောက်အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသား ၅၃ ဦးဖမ်းဆီးခံရ

0
402

ထိုင်းနိုင်ငံ၊ကန်ကျနဘူရီခရိုင်၊စိုင်းဆောင်မြို့သို့သွားသည့်လမ်းတွင် ဒီဇင်ဘာ ၄ ရက်က ပစ်ကပ်ကား ၃ စီးပေါ်မှ မလေးရှားနိုင်ငံတွင်သွားရောက်အလုပ်လုပ်ကိုင်မည့် မြန်မာနိုင်ငံသား ၅၃ ဦး ဖမ်းဆီးခံခဲ့ရကြောင်း သိရသည်။

ကန်ကျနဘူရီခရိုင်၌ တရားမဝင်နိုင်ငံသားများရောက်ရှိနေကြောင်း သတင်းအရ ခရိုင်လူဝင်မှု ကြီးကြပ်ရေးမှတာဝန်ရှိသူများက ရဲတပ်ဖွဲ့ဝင်များနှင့်အတူ ရှာဖွေစစ်ဆေးမှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

ထိုသို့ ပြုလုပ်စဥ် စိုင်းဆောင်မြို့သို့သွားသည့်လမ်းအတိုင်းမောင်းနှင်လာသည့် ပစ်ကပ်ကား ၃ စီးအားတားဆီးစစ်ဆေးခဲ့ကြရာ တရားမဝင်ဝင်ရောက်လာသည့် မြန်မာနိုင်ငံသား ၅၃ ဦး၊ပစ်ကပ်ကားမောင်းသူ ၃ ဦးတို့အား ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

ဖမ်းဆီးရမိသူများအား စစ်ဆေးချက်အရ မလေးရှားနိုင်ငံ၌ အလုပ်လုပ်ကိုင်ရန် မြန်မာနိုင်ငံမှတဆင့် ထိုင်းနိုင်ငံသို့ဝင်ရောက်လာခြင်းဖြစ်ကာ ပွဲစားခအဖြစ်တစ်ဦးလျင် ထိုင်းဘတ်ငွေ ၃၅၀၀၀ မှ ၄၀၀၀၀ အထိပေးချေခဲ့ရကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိသူများအား ထိုင်းနိုင်ငံဥပဒေအရအရေးယူရန် စိုင်းထောင်ရဲစခန်းသို့ လွှဲပြောင်းပို့ဆောင်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here