ဇာတ်မင်းသား ဖိုးချစ်နှင့် တေးရေး၊ တေးဆို သျှန်ထွဏ်း – မြန်မာစာ အပါအဝင် (၃)ဦး ဖမ်းဆီးခံထားရကြောင်း သ တင်းထွက်ပေါ်

0
695

နိုင်ငံကျော် ဇာတ်သဘင်မင်းသား ဖိုးချစ်နှင့် တေးရေး တေးဆို သျှန်ထွန်း – မြန်မာစာ အပါအဝင် (၃) ဦးကို ဖမ်း ဆီးစစ်ဆေးနေကြောင်း နီးစပ်သူများထံမှ သိရသည်။

၎င်းတို့ (၃) ဦးကို ပြီးခဲ့သည့် နိုဝင်ဘာ (၃၀) ရက်က ဖမ်း ဆီးခဲ့ခြင်းဖြစ်ပြီး မည်သည့်ကိစ္စနှင့် ဖမ်းဆီးခဲ့သည်ကို အတည်မပြုနိုင်သေးကြောင်း နီးစပ်သူများထံမှ သိရသ ည်။

ဖမ်းဆီးခံရသူများမှာ ဇာတ်မင်းသား ဖိုးချစ် ၊ တေးရေး/တေးဆို သျှန်ထွန်း – မြန်မာစာ ၊ သျှဏ်ထွန်းမြန်မာစာ၏ ညီမဖြစ်သူတို့ ဖြစ်ကြောင်း သိရသည်။

နစက နှင့် နီးစပ်သူအများစုရှိသည့် Telegram များတွင် ၎င်းတို့အား PDF များနှင့် ဆက်သွယ်မှုကြောင့် ဖမ်းဆီးခြင်းဖြစ်ကြောင်း ရေးသားဖြန့်ဝေမှုများ ရှိနေသော်လည်းအဆိုပါ သတင်းမှာ အတည်ပြု၍ မရကြောင်းလည်း သျှန်ထွန်း မြန်မာစာနှင့် နီးစပ်သူတစ်ဦးက ပေါ်ပြူလာနယူး (စ်) သို့ ပြောသည်။

” ကိုသျှန်ထွန်းတို့ သတင်းကတော့ အစ်ကိုတို့လည်း အ များနည်းတူ ကြားပါတယ်။ ထွက်နေတဲ့ သတင်းတွေက ဟုတ်လား မဟုတ်လားဆိုတာ အတည်ပြုလို့ မရနိုင်ပါဘူး ” ဟု ၎င်းက ဆိုသည်။

ဇာတ်မင်းသား ဖိုးချစ် ဖမ်းဆီးခံရမှုနှင့် ပတ်သက်၍ ၎င်း ၏ အစ်ကိုဖြစ်သူကလည်း ” အစစ အရာရာ အဆင်ပြေပါစေ ၊ သူတော်ကောင်းနှင့်တွေ့ပါစေ” ဟု လူမှုကွန်ရက်စာမျက်နှာမှတဆင့် ရေးသားထားသည်။

‌ဇာတ်မင်းသားဖိုးချစ်ကို ၄င်း၏သဘင်ခြံတွင် လာရောက်ဖမ်းဆီးခေါ်ဆော င်သွားခြင်းဖြစ်ပြီး တေးရေး/တေးဆို သျှန်ထွန်း – မြန်မာစာနှင့် ညီမ ဖြစ်သူကို အမြန်လမ်းတစ်နေရာတွင် ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သတင်းများ ထွက်ပေါ်‌နေပြီး လက်ရှိတွင် မည်သည့်နေရာ၌ ထိန်းသိမ်းထားသည်ကို မသိရှိရသေးကြောင်း နီးစပ်သူများထံမှ သိရသည်။

၎င်းတို့ဖမ်းဆီးခံရခြင်းနှင့် ပတ်သက်၍ နစက ပြော ရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းထံ ပေါ်ပြူလာနယူးက ဆက်သွယ်မေးမြန်းလျက်ရှိပြီး အသေးစိတ်အ ချက်အလက်များ ထပ်မံသိရှိရပါက ဆက်လက်ဖော်ပြပေးသွားပါမည်။


LEAVE A REPLY

Please enter your comment!
Please enter your name here