ကျိုင်းတုံမြို့နယ်တွင် အသက်(၆၂)နှစ်အရွယ်ရှိ ဖခင်ဖြစ်သူနှင့်၎င်း၏ သားဖြစ်သူတို့အား စိတ် ကြွဆေးပြားများနှင့်အတူဖမ်းမိခဲ့

0
178

ရှမ်းပြည်နယ်၊ကျိုင်းတုံမြို့နယ်၊တင်ထပ်ကျေးရွာတွင် ဒီဇင်ဘာ ၄ ရက်ညနေပိုင်းက မူးယစ်ဆေးဝါးတားဆီးနှိမ်နင်ရေးရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းနေ့ညနေ ၄ နာရီခန့်က မူးယစ်ဆေးဝါးတား ဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်များသည် သတင်းအရ တင်ထပ်ကျေးရွာအနီး၌ လမ်းလျှောက်လာသည့် လီဘ(၂၈)နှစ်အားစစ်ဆေးရာ စိတ်ကြွဆေးပြား ၄၀၀ ပြားအား ဖမ်းဆီးရမိခဲ့သည်။

စစ်ဆေးချက်အရ တင်ထပ်ကျေးရွာရှိ ၎င်း၏နေ အိမ်အား ဝင်ရောက်ရှာဖွေရာ လီဘ၏ဖခင်ဖြစ်သူ လီတိ(၆၂)နှစ်အား စိတ်ကြွဆေးပြား ၃၉၀၀ ပြား၊ဘိန်းစိမ်း (၁ ကီလို) တို့နှင့်အတူ ထပ်မံဖမ်းဆီးရမိခဲ့သည်။

ထို့ကြောင့် စိတ်ကြွဆေးပြားများ၊ဘိန်းစိမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သူ ၂ ဦးအား ကျိုင်းတုံမြို့မရဲစခန်းက မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အရေးယူကာစစ်ဆေးလျက်ရှိကြောင်း သိရသည်။

Photo-ကိုသားချော


LEAVE A REPLY

Please enter your comment!
Please enter your name here