ပြည်တွင်း ဆီလိုအပ်ချက် နှစ်စဥ် တန်ချိန် (၁) သန်းခန့်ရှိသော်လည်း ပြည်တွင်း၌ လုံလောက်အောင်မထုတ်လုပ်နိုင်၍ ပြည်ပမှ တင်သွင်းနေရ

0
274

ပြည်တွင်း စားသုံးဆီလိုအပ်ချက်အနေဖြင့် တစ်နှစ်လျှင် ပျှမ်းမျှတန်ချိန် တစ်သန်းခန့်ရှိကာ ပြည်တွင်းထုတ် လုပ်မှုမှ လုံလောက်အောင်ဖြည့်ဆည်းပေးနိုင်ခြင်းမရှိသေးသဖြင့် လိုအပ်သည့် ပမာဏအား ပြည်ပမှ မှာယူတင်သွင်းနေရဆဲဖြစ်ကြောင်း စီးပွားကူးသန်းဝန်ကြီး ဦးအောင်နိုင်ဦးက ပြောသည်။

ဒီဇင်ဘာ ၂ ရက်တွင် ကျန်းမာရေးဝန်ကြီးဌာန၊ အစားအ သောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် စားသုံးဆီ အရည်အသွေးစစ်ဆေးခြင်းဆိုင် ရာသင်တန်းဖွင့်ပွဲ၌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့ခြင်းဖြစ်သည်။

ထို့ပြင် စားသုံးဆီများအား စံချိန်စံညွှန်းနှင့်အညီ တင်သွင်း/ထုတ်လုပ်နိုင်မှသာ ကျန်းမာရေးနှင့်ညီညွတ်ပြီး အရည်အသွေးကောင်းမွန်သည့် စားသုံးဆီများဖြစ်သည်က်ု အာမခံချက်ပေးနိုင်မည်ဟု ဆိုသည်။

ပြည်တွင်း၌ထုတ်လုပ်သည့် စားသုံးဆီများဈေး ကွက်ဝေစု ပိုမိုရရှိလာစေရန်နှင့်နိုင်ငံခြားသုံးငွေ ချွေတာနိုင်စေရန် ရည်ရွယ်၍ ၂၀၂၁-၂၀၂၂ ဘ ဏ္ဍာနှစ်မှစ၍ ပြည်ပမှစားသုံးဆီတင်သွင်းမှုကို လျှော့ချတင်သွင်းလျက်ရှိသည်ဟု ဆိုသည်။

ထို့အတူ ဘေးအန္တရာယ်ကင်းရှင်း၍ အရည်အ သွေးပြည့်ဝသည့် စားသုံးဆီများသုံးစွဲနိုင်ရန် ပြည် ပမှတင်သွင်းသည့် စားအုန်းဆီအရည်အသွေး သတ်မှတ်သည့်အမိန့်အား ၂၀၂၂ ခုနှစ်၊ ဧပြီလ ၂၁ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် ၃/၂၀၂၂ ဖြင့် ထုတ်ပြန်ထားသည်ဟု ဆိုသည်။

ထို့ကြောင့် ဈေးကွက်အတွင်းရောင်းချသည့် ဟင်း သီးဟင်းရွက်ဆီအမျိုးအစားနှင့်ပတ်သက်၍ စားအုန်းဆီ၊အဆင့်မြင့်စားအုန်းဆီဟူ၍ ကုန်အညွှန်းအမှတ်အသားများဖော်ပြရန်နှင့်အသားတင်ပမာ ဏနှင့်အရွယ်အစားတို့အား ပိဿာ၊ကျပ်သားတို့ကို မြန်မာဘာသာဖြင့် တိကျစွာဖော်ပြရန်ညွှန်ကြားထားသည်ဟု ဆိုသည်။

“အရည်အသွေးပြည့်မီတဲ့ စားသုံးဆီတွေကို ပြည်သူတွေ ရွေးချယ်ဝယ်ယူစားသုံးနိုင်ဖို့အတွက် သက်ဆိုင်ရာအသင်းအဖွဲ့တွေနဲ့ပူးပေါင်းပြီး မြေ ပြင်ကွင်းဆင်းစစ်ဆေးနေပါတယ်”ဟု ပြည် ထောင်စုဝန်ကြီး ဦးအောင်နိုင်ဦးကဆိုသည်။

အဆိုပါ စားသုံးဆီအရည်အသွေးစစ်ဆေးခြင်းဆိုင်ရာသင်တန်းအား ဒီဇင်ဘာ ၅ ရက်မှ ၉ ရက်အထိ အစားအသောက်နှင့်ဆေးဝါးကွပ်ကဲရေးဦးစီးဌာနခွဲ(ရန်ကုန်)၌ သင်တန်းသား/သူ ၄၀ ဦးအား သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here