ဘက်ထရီဆိုင်ကယ်အားသွင်းရာမှအပူလွန်ပြီးအိမ်မီးလောင်မှု‌ မော်လမြိုင်တွင်ဖြစ်ပွား

0
237

မွန်ပြည်နယ်၊မော်လမြိုင်မြို့၊အောက်ကျင်းရပ် ကွက်၊လမ်းသစ်လမ်းတွင် ဒီဇင်ဘာ ၆ ရက်(ယ နေ့)နံနက်အစောပိုင်းက ၂ ထပ်တိုက်နေအိမ်တစ် လုံး တစ်နာရီခန့်ကြာ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့တို့မှ သိရသည်။

ယနေ့နံနက်အစောပိုင်း ၄ နာရီ ၂၅ မိနစ်ခန့်က မော်လမြိုင်မြို့၊အောက်ကျင်းရပ်ကွက်၊လမ်းသစ်လမ်းရှိ ၂ ထပ်နေအိမ်တိုက်တွင် မီးလောင်မှုဖြစ် ပွားကြောင်း သတင်းအရ မော်လမြိုင်မြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များ၊ရာမညပရဟိတအသင်း၊ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၊အရန်မီးသတ်တပ်ဖွဲ့ဝင်များနှင့်ရပ်ကွက်နေသူ များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသည်။

ထိုသို့ ငြှိမ်းသတ်မှုကြောင့် နံနက် ၅ နာရီ ၂၄ မိနစ်တွင် မီးငြိမ်းသွားခဲ့ကာ မီးလောင်ကျွမ်းမှုအား တစ်နာရီခန့်ကြာ ငြှိမ်းသတ်ခဲ့ရသည်ဟု မြန်မာနိုင် ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်မှ သိရသည်။

“ဘက်ထရီဆိုင်ကယ်အားသွင်းရာကနေတဆင့် အပူလွန်ပြီးစလောင်တာပေါ့ နောက်မှာရပ်ထားတဲ့ကားကိုမီးကူးပြီး အိမ်ကိုဆက်လောင်သွားတယ် ထိခိုက်ဒဏ်ရာရတဲ့လူမရှိပါဘူး”ဟု ဘိုဘိုဝင်းအ ရေးပေါ်ကယ်ဆယ်ရေးအဖွဲ့၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

မီးလောင်ကျွမ်းမှုကြောင့် ၂ ထပ်တိုက်၏ အပေါ် ထပ်၊ကားတစ်စီးနှင့်ဘက်ထရီဆိုင်ကယ်တို့ မီး လောင်ဆုံးရှုံးခဲ့ကြောင်း ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

မီးလောင်မှုတွင် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မော်လမြိုင်မြို့မီးသတ်တပ်ဖွဲ့တာဝန်ရှိသူများက စစ် ဆေးတွက်ချက်လျက်ရှိကြောင်း သိရသည်။


Photo-ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့


LEAVE A REPLY

Please enter your comment!
Please enter your name here