အမေရိကန်နိုင်ငံသားများအား အီရန်တို့က ပြည်တွင်း ပြည်ပတွင် လုပ်ကြံသတ်ဖြတ်ရန်ကြံစည်နေခြင်းကို ချက်ခြင်းအရေးယူဆောင်ရွက်ရန် ဘိုင်ဒင်အစိုးရကို ဂျူးအမျိူးသားလုံခြုံရေးအဖွဲ့တောင်းဆို

0
378

အမေရိကန် နိုင်ငံသားများအား အီရန်တို့က ပြည်ပတွင် သတ်ဖြတ်ခြင်းနှင့် ပြည်တွင်း၌ လုပ်ကြံသတ်ဖြတ်ရန် ကြံစည်ခြင်းတို့ကို ရပ်တန့်ရန်အတွက် ဘိုင်ဒင်အစိုးရက ချက်ခြင်းအရေးယူဆောင်ရွက်ရန် ဂျူးအမျိုးသားလုံခြုံရေးအဖွဲ့(Jewish Institute for National Security Affairs – JINSA)မှ တနင်္လာနေ့က တောင်းဆိုခဲ့သည်။

JINSA ၏ Gemunder Center for Defense and Strategy မှ တာဝန်ရှိသူတစ်ဦးဖြစ်သော Gabriel Noronha က အမေရိကန်အရာရှိတစ်ဒါဇင်နီးပါးနှင့် တိုက်ခိုက်မှုခြိမ်းခြောက်ခံနေရသော ပြည်ပရောက် အတိုက်အခံများကို ကာကွယ်ရန် အီရန်အပေါ် စစ်ရေးတုံ့ပြန်မှုပြုလုပ်ရန်အတွက် Washington Examiner သတင်းစာ၏ ထင်မြင်ချက်ကဏ္ဍတွင် ထိုသို့ရေးသားတောင်းဆိုခဲ့ခြင်းဖြစ်သည်။

စက်တင်ဘာ ၂၈ ရက်က အီရန်မှ ပဲ့ထိန်းဒုံးကျည်များနှင့် အသေခံမောင်းသူမဲ့လေယာဉ်များ အီရတ်ကာဒစ်စတန်နယ်မြေသို့ ပစ်လွှတ်ခဲ့ခြင်းကြောင့် အမေရိကန် နိုင်ငံသားတစ်ဦးအပါအဝင် အရပ်သား ၁၄ ဦး သေဆုံးခဲ့ခြင်းနှင့် နိုဝင်ဘာ ၇ ရက်တွင် အီရန်ကျောထောက်နောက်ခံပြု လက်နက်ကိုင်အဖွဲ့က ဘဂ္ဂဒက်မြို့ လမ်းမများပေါ်တွင် သတ်ဖြတ်ခဲ့သည့် အမေရိကန် နိုင်ငံသား Stephen Troell တို့၏ ဖြစ်ရပ်များကို Gabriel Noronha က ထောက်ပြရေးသားခဲ့သည်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဟောင်း Mike Pompeo နှင့် အမေရိကန်နိုင်ငံ၏ အီရန်နိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ဟောင်း Brian Hook တို့ အပါအဝင် အဆင့်မြင့် အမေရိကန် အရာရှိများကို လုပ်ကြံရန် အီရန်၏ ခြိမ်းခြောက်မှု များကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ကွန်ဂရက်လွှတ်တော်သို့ မကြာသေးမီကတင်သွင်းခဲ့သော အစီရင်ခံစာတွင် ဖော်ပြခဲ့သည်။

Source: Jewish News Syndicate(JNS)


LEAVE A REPLY

Please enter your comment!
Please enter your name here