ချိန်းတွေ့စဥ် ရည်းစားဖြစ်သူမိန်းကလေး၏ခေါင်းကိုအုတ်ခဲဖြင့်ထုကာ ဓာတ်ဆီလောင်းမီးရှို့ခဲ့သူအား ၁၃ နာရီအကြာ၌ ဖမ်းဆီးရမိခဲ့

0
775

စစ်ကိုင်းတိုင်း၊စစ်ကိုင်းမြို့တွင် ဒီဇင်ဘာ ၅ ရက်ည ၈ နာရီခန့်က သမီးရည်းစားချိန်းတွေ့စဥ် ရည်းစာဖြစ်သူမိန်းကလေး၏ ခေါင်းကိုအုတ်ခဲဖြင့်ထုကာ ဓာတ်ဆီလောင်း၍မီးရှို့ခဲ့သည့် ဇာနည်ထွန်း (ခ)ရဲရင်း(၂၄)နှစ်အား အခင်းဖြစ်ပြီး ၁၃ နာရီအကြာတွင် ဖမ်းဆီးရမိခဲ့ကြောင်း သိရသည်။

စစ်ကိုင်းပညာရေးတက္ကသိုလ်မှဝန်ထမ်းဖြစ်သည့် မိန်းကလေးသည် အခင်းဖြစ်ပွားသည့်ညနေပိုင်းက ပြစ်မှုကျူးလွန်သူ ဇာနည်ထွန်း(ခ)ရဲရင့်နှင့် သမီးရည်းစားချိန်းတွေ့ခဲ့ကြကြောင်း သိရသည်။

ချိန်းတွေ့စဥ် ဇာနည်ထွန်း(ခ)ရဲရင့်မှ ၎င်း၏အလို ဆန္ဒအားမလိုက်လျောသဖြင့် ရည်းစားဖြစ်သူ မိန်းကလေး၏ဦးခေါင်းအား အုတ်ခဲဖြင့်ထုတ်ရိုက်ပြီးနောက် မိန်းကလေး၏ ခန္ဓာကိုယ်ပေါ်သို့ဓာတ် ဆီလောင်းကာ မီးရှို့သတ်ရန်ကြံစည်ခဲ့သည်။

မီးရှို့ခံထားရစဥ် မိန်းကလေးဖြစ်သူမှ ပတ်ဝန်း ကျင်သို့အော်ဟစ်အကူအညီတောင်းခံခဲ့သဖြင့် ဝိုင်းဝန်းကူညီပေးခဲ့ကြပြီး ခန္ဓာကိုယ်အနှံ မီး လောင်ဒဏ်ရာများရရှိထားသဖြင့် ဆေးရုံသို့ပို့ ဆောင်ပေးခဲ့ကြသည်။

“အခင်းဖြစ်ဖြစ်ချင်း ပြစ်မှုကျူးလွန်တဲ့လူကထွက်ပြေးသွားတယ် ပတ်ဝန်းကျင်ကိုအချိန်မီအကူအညီတောင်းလိုက်နိုင်တဲ့အတွက် သေဆုံးတာတော့မရှိဘူး မီးလောင်ဒဏ်ရာတွေကတော့ အများကြီးပဲရသွားတယ်”ဟု သက်ဆိုင်ရာရဲတပ်ဖွဲ့စခန်းနှင့်နီးစပ်သူတစ်ဦးကပြောသည်။

ဖြစ်စဥ်အား သက်ဆိုင်ရာရဲတပ်ဖွဲ့စခန်းက အမှုဖွင့်လှစ်၍ ပြစ်မှုကျူးလွန်သူအားဖမ်းဆီးရမိရေးအတွက် စုံစမ်းစစ်ဆေးရာ စစ်ကိုင်းမြို့နယ်၊က နားတော်ကျေးရွာနေကျောက်ဖြတ်လုပ်သား ဇာနည်ထွန်း(ခ)ရဲရင့် ဖြစ်ကြောင်း ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ပြစ်မှုကျူးလွန်သူအား အခင်းဖြစ်ပြီး ၁၃ နာရီအကြာ၌ သက်ဆိုင်ရာရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးရမိခဲ့ပြီး ဥပဒေအရအရေးယူရန် ဆက် လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here