ကိုလံဘီယာ၌ မြေပြိုမှု ၂၇ ဦး ထက်မနည်းသေဆုံး

0
162

ဘိုဂိုတာ၊ဒီဇင်ဘာ ၆

ကိုလံဘီယာနိုင်ငံ အနောက်မြောက်ပိုင်းရှိ လမ်းတစ်ခု၌မြေပြိုကျကာ ဘတ်စ်ကားတစ်စီးနှင့်အခြားယာဉ်များပိတ်မိခဲ့ပြီး လူပေါင်း ၂၇ ဦး ထက်မနည်းသေဆုံးခဲ့သည်ဟု သမ္မတဂူစတာဗိုပီထရိုကပြောကြားခဲ့သည်။

ပွေဘလိုရီကို ၌တနင်္ဂနွေနေ့ကဖြစ်ပွားခဲ့သော ဖြစ်ရပ်ဆိုးတွင် အရွယ်မရောက်သေးသူသုံးဦးအပါအဝင် လူ ၂၇ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ဝမ်းနည်းကြေကွဲရပါကြောင်း ပီထရိုကတွစ်တာတွင်ရေးသားခဲ့သည်။

အသက်ရှင်သူတစ်ဦး၏ပြောကြားမှုအရ ယာဉ်မောင်းသည် မြေပြိုမှုကိုရှောင်တိမ်းနိုင်ရန်ကြိုးစားခဲ့သေးသည်ဟုသိရှိရသည်။

ခရီးသည် ၂၅ ဦးလိုက်ပါလာသည့် အဆိုပါဘတ်စ်ကားသည် ကာလီ မြို့မှ ထွက်ခွာလာခဲ့ခြင်းဖြစ်ကြောင်း အရပ်ဘက်ကာကွယ်ရေးအရာရှိများကပြောကြားခဲ့သည်။

ဩဂုတ်လကစတင်ခဲ့သော မိုးရာသီသည် ကိုလံဘီယာ၌ နှစ်ပေါင်း ၄၀ အတွင်း အဆိုးရွားဆုံးဖြစ်ပြီး လူပေါင်း ၂၇၀ ကျော် သေဆုံးခဲ့သည့်မတော်တဆမှုများလည်း ဖြစ်ပွားခဲ့ကြောင်း အစိုးရကပြောကြားခဲ့သည်။

Source : AFP


LEAVE A REPLY

Please enter your comment!
Please enter your name here