တောင်ကိုရီးယားသည် တရုတ်နှင့်ခပ်ခွာခွာဆက်ဆံလျက် အာဆီယံနှင့်အနီးကပ်ဆက်ဆံရန်ကြိုပမ်းနေ

0
194

ဆိုးလ်၊ဒီဇင်ဘာ ၆

တောင်ကိုရီးယားသမ္မတသည် ၎င်း၏အင်ဒို-ပစိဖိတ်မဟာဗျူဟာ၏တစ်စိတ်တစ်ပိုင်းအဖြစ် အာဆီယံနိုင်ငံများနှင့် ပိုမိုနီးကပ်သည့်ဆက်ဆံရေးရရှိရန်ကြိုးပမ်းလျက်ရှိကြောင်းသိရှိရသည်။

သမ္မတယွန်းသည် တနင်္လာနေ့က ဗီယက်နမ်သမ္မတအား ဆိုးလ်၌လက်ခံတွေ့ဆုံခဲ့ပြီး ကာကွယ်ရေးနှင့်ရှားပါးသတ္တုလုပ်ငန်းဆိုင်ရာကိစ္စရပ်များအတွက် ပူးပေါင်းရန် ထပ်လောင်းအတည်ပြုခဲ့သည်။

ပြီးခဲ့သည့်လက ကမ္ဘောဒီးယားနိုင်ငံသို့အစည်းအဝေးနှင့်ဆွေး‌နွးပွဲများအတွက်ရောက်ရှိလာသည့် တောင်ကိုရီးယားသမ္မတသည်  အရှေ့တောင်အာရှနှင့်ဆက်ဆံနိုင်ရန်အတွက် မဟာဗျူဟာအသစ်ကိုလည်းဖော်ပြခဲ့သည်။

ယင်းနောက် အင်ဒို – ပစိဖိတ်အရေးနှင့်ပတ်သက်၍ မစ္စတာယွန်းက “လွတ်လပ်မှုနှင့်လူ့အခွင့်အရေးကို လေးစားရမည်ဖြစ်ပြီး လက်ရှိအနေအထားအား အင်အားသုံး၍အပြောင်းအလဲ ဖြစ်စေခြင်းကိုတော့ သည်းမခံသင့်” ဟုဆိုခဲ့သည်။

သမ္မတယွန်းသည်ပြီးခဲ့သည့်လက အင်ဒိုနီးရှား၌ တရုတ်သမ္မတရှီနှင့်တွေ့ဆုံစဉ် အပြန်အလှန် လေးစားမှုနှင့်ဘုံအကျိုးစီးပွားကိုအခြေခံ၍ နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်ရန် အဆင်သင့်ရှိကြောင်းပြောကြားခဲ့သည်။

သမ္မတယွန်းသည် အာဆီယံ-တောင်ကိုရီးယား မိတ်ဖက်ဆက်ဆံရေးအရ ဗီယက်နမ်နှင့်စင်္ကာပူရှိတောင်ကိုရီးယား၏ရင်းနှီးမြှုပ်နှံမှုများကိုလည်း တိုးချဲ့ရန် ကြိုးပမ်းလျက်ရှိသည်။

ဒေသတွင်း၌ တောင်ကိုရီးယား၏ရင်းနှီးမြှုပ်နှံမှုများသည် လွန်ခဲ့သည့် ၁၀ နှစ်အတွင်း နှစ်ဆတိုးလာခဲ့သည်။K-pop ကဲ့သို့သောကိုရီးယားယဉ်ကျေးမှု၏ကျော်ကြားမှုများသည်လည်း တောင်ကိုရီးယားထုတ်ကုန်များအတွက် ဈေးကွက်ချဲ့ထွင်ရန်အထောက်အကူဖြစ်စေခဲ့သည်။

ဆိုးလ်သည် ဗီယက်နမ်ပြီးနောက် အင်ဒိုနီးရှားအား ၎င်း၏ဈေးကွက်ကြီးအဖြစ်ရှုမြင်သည်။မစ်္စတာယွန်းသည် နိုဝင်ဘာလအတွင်းကလည်း အာဆီယံခေါင်းဆောင်များနှင့် နှစ်နိုင်ငံထိပ်သီးအစည်းအဝေးများပြုလုပ်ခဲ့သည်။

ကမ္ဘောဒီးယားဝန်ကြီးချုပ် ဟွန်ဆန်နှင့် တွေ့ဆုံရာတွင် မစ္စတာယွန်းသည် နိုင်ငံအတွက် စီးပွားရေးအကူအညီကို ဒေါ်လာ ၁ ဒသမ ၅ ဘီလျံအထိနှစ်ဆတိုးပေးရန်လည်းသဘောတူခဲ့သည်။ယင်းနောက် သမ္မတဖာဒီနန်မားကို့စ်နှင့် ဖိလစ်ပိုင်နိုင်ငံ၌ တောင်ကိုရီးယား၏နျူဓာတ်အားပေးစက်ရုံများတည်ဆောက်နိုင်ရေးလည်း ဆွေးနွေးခဲ့သည်ဟုသိရသည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here