အားကောင်းသောလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် လာမည့် ၇၂ နာရီအတွင်း ရန်ကုန်တိုင်းအပါအဝင် တိုင်းနှင့်ပြည်နယ် ၁၂ ခု၌မိုးရွာသွန်းမည်

0
527

ဘင်္ဂလားပင်လယ်အော်အရှေ့တောင်ပိုင်းတွင် ဖြစ်ပေါ်နေ‌သည့် လေဖိအားနည်းရပ်ဝန်းသည် အားကောင်းသောလေဖိအားနည်းရပ်ဝန်းသို့ ရောက်ရှိခဲ့သည်ဟု မြန်မာနိုင်ငံ မိုးလေဝသနှင့်ဇ လဗေဒညွှန်ကြားမှုဦးစီးဌာနက ဒီဇင်ဘာ ၆ ရက် (ယနေ့)နံနက်ပိုင်း၌ အသိပေးထုတ်ပြန်ခဲ့သည်။

အဆိုပါ အားကောင်းသောလေဖိအားနည်းရပ်ဝန်းသည် လာမည့် ၁၂ နာရီအတွင်း ဘင်္ဂလားပင် လယ်အော်အရှေ့တောင်ပိုင်းတွင် မုန်တိုင်းငယ်၊ ဒီဇင်ဘာ ၈ ရက်တွင် ဆိုင်ကလုန်းမုန်တိုင်းအဖြစ်ရောက်ရှိလာမည်ဟု မိုးဇလကထုတ်ပြန်ခဲ့သည်။

အားကောင်းသောလေဖိအားနည်းရပ်ဝန်းအရှိန်ကြောင့် ယနေ့နံနက်မှစ၍ လာမည့် ၇၂ နာရီအ တွင်း ရန်ကုန်တိုင်း၊ပဲခူးတိုင်း၊ဧရာဝတီတိုင်း၊တနင်္သာရီတိုင်း၊ကရင်ပြည်နယ်၊မွန်ပြည်နယ်တို့တွင်နေရာကျဲကျဲမိုးသည်းထန်စွာရွာသွန်းမည်ဟု မိုးဇလကခန့်မှန်းထားသည်။

ထို့ပြင် နေပြည်တော်၊မကွေးတိုင်း၊ရှမ်းပြည်နယ် (တောင်ပိုင်းနှင့်အရှေ့ပိုင်း)၊ရခိုင်ပြည်နယ်နှင့်က ယားပြည်နယ်တို့တွင်လည်း နေရာကွက်၍ မိုး သည်းထန်စွာရွာသွန်းမည်ဟု မိုးဇလကခန့်မှန်းထုတ်ပြန်ခဲ့သည်။

မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်း ရိုးတန်းတစ်လျှောက်၊ကမ်းလွန်ပင်လယ်ပြင်၊ရခိုင်ကမ်းရိုးတန်းတစ်လျှောက်တွင် တစ်နာရီလျှင် မိုင် (၄၀)အထိ မိုးသက်လေပြင်းများတိုက်ခတ်မည်ဟု အသိပေးထုတ်ပြန်ခဲ့သည်။

ထို့ကြောင့် မိုးရွာသွန်းခြင်းနှင့်အတူလေပြင်းတိုက် ခတ်ခြင်း၊မိုးသည်းထန်စွာရွာသွန်းခြင်းများဖြစ်ပေါ်နိုင်၍ ကြိုတင်သတိပြုနေထိုင်ကြရန်နှင့်ပြည် တွင်းလေကြောင်းပျံသန်းရေး၊မြန်မာ့ကမ်းရိုးတန်းတစ်လျှောက်နှင့်ကမ်းလွန်ပင်လယ်ပြင်တို့ရှိကမ်းနီး၊ကမ်းဝေးငါးဖမ်းရေယာဉ်များ၊သင်္ဘောများအ နေဖြင့်လည်း ကြိုတင်သတိပြုနိုင်ရန် မိုးဇလက အသိပေးနှိုးဆော်ခဲ့ခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here