ကမ္ဘောဒီးယားနိုင်ငံ၏ အာဆီယံဥက္ကဌသက်တမ်းကုန်ဆုံးခါနီးဖြစ်၍ မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ်၏ သုံးကြိမ်မြောက်မြန်မာခရီးစဉ်အားဖျက်သိမ်း

0
387

ဖနွမ်းပင်၊ဒီဇင်ဘာ ၆

အာဆီယံအလှည့်ကျဥက္ကဌ ကမ္ဘောဒီးယားနိုင်ငံမှ နိုင်ငံခြားရေးဝန်ကြီးဖြစ်သည့် မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးကိုယ်စားလှယ် မစ္စတာပရပ်ဆိုးခွန်သည် တတိယအကြိမ်မြောက် အဖြစ် မြန်မာနိုင်ငံသို့လာမည့်ခရီးစဉ်ကိုဖျက်သိမ်းလိုက်ကြောင်းသိရှိရသည်။

ယခုလကုန်ပိုင်းတွင် ကမ္ဘောဒီးယားနိုင်ငံ၏ အာဆီယံဥက္ကဌသက်တမ်းကုန်ဆုံးမည်ဖြစ်ကာ မစ္စတာပရပ်ဆိုးခွန်သည်လည်း ဘရပ်ဆဲလ်၌ ထိပ်သီးအစည်းအဝေးတက်ရောက်ရမည်ဖြစ်သောကြောင့် ခရီးစဉ်အား ဖျက်သိမ်းလိုက်ခြင်းဖြစ်ကြောင်းသိရှိရသည်။

“အာဆီယံဥက္ကဌသက်တမ်းကအရမ်းနည်းနေပြီဖြစ်လို့ မြန်မာကိုတတိယအကြိမ်သွားမဲ့ခရီးစဉ်ဖျက်သိမ်းလိုက်ပါတယ်၊ဒီတာဝန်ကို အင်ဒိုနီးရှားနိုင်ငံက ဆက်လက်တာဝန်ယူပါလိမ့်မယ်” ဟု ကမ္ဘောဒီးယားနိုင်ငံခြားရေးဝန်ကြီး မစ္စတာ Luy David ကပြောကြားခဲ့သည်။

“မြန်မာ့အကျပ်အတည်းပြေလည်စေရေးအတွက် ကမ္ဘောဒီးယားအနေနဲ့ အတတ်နိုင်ဆုံးကူညီခဲ့တာဖြစ်ပြီး အားစိုက်ထုတ်မှုတွေလဲလုပ်ခဲ့ပါတယ်” ဟုလည်း ၎င်းကပြောကြားခဲ့သည်။

ကမ္ဘောဒီးယားနိုင်ငံ၏ အာဆီယံဥက္ကဌကာလအတွင်း ဝန်ကြီးချုပ်ဟွန်ဆန်သည် ဇန်နဝါရီလက နေပြည်တော်သို့သွားရောက်ခဲ့ပြီး မြန်မာနိုင်ငံဆိုင်ရာ အာဆီယံအထူးကိုယ်စားလှယ် မစ္စတာဆိုးခွန်သည် မြန်မာနိုင်ငံသို့ မတ်လကတစ်ကြိမ်၊ဇွန်လကတစ်ကြိမ်ဖြင့် စုစုပေါင်းနှစ်ကြိမ်လာရောက်ခဲ့ဖူးသည်။

Source : Khmertimes


LEAVE A REPLY

Please enter your comment!
Please enter your name here