ရန်ကုန်တိုင်းအတွင်း ခရီးသည်တင် YBS ကားများပေါ်၌ အုပ်စုဖွဲ့ခါးပိုက်နှိုက်သူ ၆ ဦးအား သက် သေခံပစ္စည်းများနှင့်အတူဖမ်းဆီးရမိ

0
181

ရန်ကုန်တိုင်းအတွင်း၌ နေ့စဥ်ပြေးဆွဲလျက်ရှိသည့် ခရီးသည်တင် YBS ကားများပေါ်၌ ခါးပိုက် နှိုက်မှုနှင့်လုယက်မှုဖြစ်စဥ်များ မကြာခနဖြစ်ပေါ်လျက်ရှိ၍ ပြစ်မှုကျူးလွန်သူများအား ဖမ်းဆီးရမိရေးအတွက် လုံခြုံရေးအဖွဲ့ဝင်များက ဆောင်ရွက်လျက်ရှိသည်။

ထိုသို့ ဆောင်ရွက်လျက်ရှိရာ ခါးပိုက်နှိုက်မှုကျူး လွန်သူများသည် ပြစ်မှုကျူးလွန်ပြီးနောက် YGN 3H-4879 နံပါတ်ပါ TOYOTA Probox (အဖြူရောင်)အငှားကားဖြင့် ထွက်ပြေးတိမ်းရှောင်သည်ကို ဖော်ထုတ်သိရှိခဲ့ရသဖြင့် ဖမ်းဆီးရမိရန်ပြု လုပ်ခဲ့ကြသည်။

ထို့ကြောင့် ဒီဇင်ဘာ ၅ ရက်နံနက် ၈ နာရီခွဲတွင် အဆိုပါ ကားအား ပြည်လမ်းနှင့်ခရေပင်လမ်းဆုံမီးပွိုင့်၌တွေ့ရှိခဲ့ပြီး ကားပေါ်မှအုပ်စုဖွဲ့ခါးပိုက်နှိုက်မှုကျူးလွန်သူများဖြစ်သော လှိုင်သာယာမြို့နယ်နေသူများဖြစ်သည့် ဘိုဘိုပြည့်(ခ)ကိုပြည့်(၃၂) နှစ်၊ကိုကိုအောင်(ခ)ကိုအောင်(၃၂)နှစ်၊စိုးပိုင်(ခ) ဗိုက်ပူ(၂၅)နှစ်၊ခိုင်မင်းဦး(ခ)ဖိုးသား(၂၁)နှစ်၊ပြည်ဖြိုးကို(ခ)ကုလား(၂၈)နှစ်နှင့်ညီညီ (၄၂)နှစ်တို့အား ဖမ်းဆီးရမိခဲ့သည်။

၎င်းတို့နှင့်အတူ ခါးပိုက်နှိုက်မှုများကျူးလွန်ရာမှရရှိခဲ့သည့် အလေးချိန် တစ်ပဲ ၄ ရွေးခန့်ရှိ မောင်းကွင်းပုံ ရွှေလက်စွပ်တစ်ကွင်း၊ ဖုန်းမျိုးစုံ ၈ လုံးနှင့် ငွေကျပ် ၈၀၀၀၀ တို့အားသိမ်းဆည်းရမိခဲ့ပြီး ပြစ် မှုကျူးလွန်မှုများကိုပါ ဖော်ထုတ်သိရှိခဲ့ရသည်။

ထို့ကြောင့် ဖမ်းဆီးရမိခဲ့သူ ၆ ဦးအား ဥပဒေအရထိရောက်စွာအရေးယူရန် လုံခြုံရေးအဖွဲ့ဝင်များက ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here