ဖယောင်းတိုင်ဖြင့် ဘုရားမီးပူဇော်ရာ ဘုရားကျောင်းဆောင်အားမီးကူးစက်လောင်ကျွမ်းရာမှနေအိမ် ၅ လုံးပျက်စီးဆုံးရှုံးမှု ပေါင်မြို့နယ်တွင်ဖြစ်ပွား

0
371

မွန်ပြည်နယ်၊ပေါင်မြို့နယ်၊ထန်းပင်ချောင်းကြီးကျေးရွာ၊ကမ်းနားပိုင်း(ကွက်သစ်)တွင် ဒီဇင်ဘာ ၇ ရက်(ယနေ့)နံနက်ပိုင်းကဖြစ်ပွားခဲ့ခြင်းဖြစ် ကြောင်း ဘိုဘိုဝင်း အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

ယနေ့နံနက် ၇ နာရီခွဲခန့်က ထန်းပင်ချောင်ကြီးကျေးရွာ၊ကမ်းနားပိုင်း(ကွက်သစ်)ရှိ နေအိမ်တစ် လုံးတွင် ဖယောင်းတိုင်မီးဖြင့် ဘုရားမီးပူဇော်ရာ သစ်သားဘုရားကျောင်းဆောင်အား မီးစတင်ကူးစက်လောင်ကျွမ်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဥ်အား ပေါင်မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊လူမှုကူညီရေးအသင်းများနှင့်ပတ်ဝန်းကျင်နေသူ များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၈ နာ ရီတွင် မီးထိန်းနိုင်ခဲ့ပြီး နံနက် ၈ နာရီ ၁၃ မိနစ်၌ မီး ငြိမ်းသွားခဲ့ကြောင်း သိရသည်။

မီးလောင်မှုကြောင့် နေအိမ် ၅ လုံးမီးလောင်ပျက် စီးဆုံးရှုံးခဲ့ပြီး လူသေဆုံးမှုနှင့်ထိခိုက်ဒဏ်ရာရရှိမှု မရှိခဲ့ကြောင်း ဘိုဘိုဝင်းအရေးပေါ်ကယ်ဆယ်ရေးအဖွဲ့မှ သိရသည်။

မီးလောင်မှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား ပေါင်မြို့နယ်မီးသတ်တပ်ဖွဲ့စခန်းမှ စစ်ဆေးတွက် ချက်လျက်ရှိပြီး ပျက်စီးဆုံးရှုံးခဲ့သည့် နေအိမ် ၅ လုံးတွင်နေထိုင်သူများ ယာယီနေထိုင်နိုင်ရန် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Photo-Zaw Min


LEAVE A REPLY

Please enter your comment!
Please enter your name here