စက်သုံးဆီစျေးနှုန်း ၁၉၀၀ အောက်ကျဆင်း၊ ယနေ့ရန်ကုန်ရှိ စက်သုံးဆီအရောင်းဆိုင်များ၌ 92 Ron တစ်လီတာလျင် ၁၈၉၀ ကျပ်ဖြင့်ရောင်းချ

0
207

စက်သုံးဆီစျေးနှုန်း ၁၉၀၀ ကျပ်အောက်ကျဆင်းခဲ့ပြီး ယနေ့တွင် ရန်ကုန်တိုင်းအတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ 92 Ron တစ်လီတာလျင် ၁၈၉၀ ကျပ်ဖြင့်ရာင်းချလျက်ရှိသည်။

စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ် ငန်းကြီးကြပ်ရေးကော်မတီ၏ ယနေ့ ထုတ်ပြန်ခဲ့သည့် ရည်ညွှန်းလက်လီစျေးနှုန်းများအရ ရန်ကုန် တိုင်းအတွင်း၌ 92 Ron တစ်လီတာလျင် ၁၉၁၀ ကျပ်၊ 95 Ron တစ်လီတာလျင် ၂၀၀၅ ကျပ်၊ HSD(500 ppm)မှာ တစ်လီတာလျင် ၂၂၇၀ ကျပ်၊ HSD (50 ppm)နှင့် HSD (10 ppm)တို့မှာ တစ်လီတာလျင် ၂၃၉၅ ကျပ်ဖြစ်ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။

“ဒီနေ့မနက်ကဆီဝင်ဖြည့်တော့ 92 ကိုတစ်လီတာ ၁၈၉၀ ပဲပေးရတယ် အစိုးရကထုတ်ပြန်ထားတဲ့ရည်ညွှန်းစျေးထက်ပိုပြီးတော့တောင်သက်သာနေတယ် ရည်ညွှန်းစျေးက 92 တစ်လီတာကို ၁၉၁၀ ရှိတယ်၊ လိုသလောက်ဖြည့်လို့ရတယ်”ဟု စက်သုံးဆီဝယ်ယူခဲ့သူတစ်ဦးကပြောသည်။

ထိုပြင် စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော်မတီ၏ စက်သုံးဆီရည်ညွန်းလက်လီစျေးနှုန်းများအရ ပဲခူး၊မန္တလေး၊နေပြည်တော်၊မကွေး၊ပုသိမ်၊ထား ဝယ်၊မုံရွာ၊ဘားအံ၊မော်လမြိုင်၊လားရှိုး၊တောင်ကြီး၊လွိုင်ကော်တို့ ၌လည်း 92 Ron တစ်လီတာလျင် ငွေကျပ် ၁၉၀၀ ကျော်၊မြစ်ကြီးနား၊စစ်တွေ၊ဟားခါးနှင့်ကျိုင်းတုံတို့တွင်မူ 92 Ron တစ်လီတာလျင် ငွေကျပ် ၂၀၀၀ ကျော်အထက်၌ရှိသည်။

ရည်ညွန်းလက်ကားစျေးနှုန်းများအား ရန်ကုန် တိုင်း၌ 92 Ron တစ်လီတာလျင် ၁၈၁၆ ကျပ်၊ 95 Ron တစ်လီတာလျင် ၁၉၀၉ ကျပ်၊ HSD(500 ppm) တစ်လီတာလျင် ၂၁၆၅ ကျပ်၊ HSD (50 ppm)နှင့် HSD(10 ppm)တိုမှာ တစ်လီတာလျင် ၂၂၃၉ ကျပ်တို့အဖြစ် သတ်မှတ်ခဲ့သည်။

အဆိုပါ စျေးနှုန်းများအား စက်သုံးဆီတင်သွင်းသိုလှောင်ဖြန့်ဖြူခြင်းလုပ်ငန်းကြီးကြပ်ရေးကော် မတီမှ MOPS စျေးနှုန်းအပေါ်တွင် အခြေခံတွက် ချက်ထားခြင်းဖြစ်သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here