ယူကရိန်းအား ရုရှားနိုင်ငံအတွင်း တိုက်ခိုက်ရန် အားမပေးခဲ့ဟု အမေရိက ပြောလာ

0
194

ယူကရိန်းအား ရုရှားနိုင်ငံအတွင်း တိုက်ခိုက်မှုများ လုပ်ဆောင်ရန် အားပေးအားမြှောက် မပြုလုပ်ခဲ့ကြောင်း အမေရိက သည် နိုဝင်ဘာလ ၆ ရက် အင်္ဂါနေ့တွင် ပြောကြားခဲ့သည်။

အမေရိက၏ အဆိုပါထုတ်ပြန်ချက်သည် ရုရှားလေတပ်စခန်းများ အားဒရုန်းများဖြင့် တိုက်ခိုက်ခံခဲ့ရပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ ထိုတိုက်ခိုက်မှုများအား ယူကရိန်းက လုပ်ဆောင်ခဲ့သည်ဟု အများက ယူဆကြသော်လည်း ကိယက်ဗ်ကမူ ဝန်ခံထားခြင်း မရှိသေးပေ။

“ယူကရိန်းကို သူ့ရဲ့နယ်နိမိတ်ကို ကျော်လွန်ပြီး တိုက်ခိုက်ဖို့ ခွင့်မပြုထားပါဘူး၊ ဒါအပြင် နယ်နိမိတ်ကို ကျော်ပြီး တိုက်ခိုက်ဖို့လည်း အားမပေးပါဘူး” ဟု နိုင်ငံခြားရေးဌာန ပြောရေးဆိုခွင့်ရှိသူ နက်ဒ် ပရိုက်စ်က သတင်းထောက်များကို ပြောခဲ့သည်။

တနင်္လာနေ့က ဖြစ်ပွားခဲ့သော ဒရုန်း တိုက်ခိုက်မှုကြောင့် လူ ၃ ဦး သေဆုံးပြီး လေယာဉ်နှစ်စင်း ပျက်စီးခဲ့ကြောင်း ရုရှားက ပြောကြားခဲ့သည်။ ရုရှားနယ်မြေ အတွင်းပိုင်းရှိအခြေစိုက်စခန်း ၃ ခု တိုက်ခိုက်ခံခဲ့ရခြင်း ဖြစ်သည်။

ယူကရိန်းသည် ရုရှားလေပိုင်နက်အတွင်းသို့ အနောက်အုပ်စုက ထောက်ပံ့နေသော လက်နက်အကူအညီများဖြင့် မဟုတ်ဘဲ ဆိုဗီယက်ခေတ် ဒရုန်းများဖြင့်သာ ထိုးဖောက်ဝင်ရောက်ခဲ့ခြင်း ဖြစ်သည်ဟု ကျွမ်းကျင်သူများက ယုံကြည်ကြသည်။

Source: WION


LEAVE A REPLY

Please enter your comment!
Please enter your name here