ကရင်ပြည်နယ်အတွင်း၌ အယူခံဖြင့်အလုပ်ပြန် လည်ဝင်ရောက်လာသည့် ဆရာ၊ဆရာမ ၃၅၈ ဦးရှိပြီဖြစ်

0
271

ကရင်ပြည်နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် တာဝန်ထမ်းဆောင်နေသည့် ဆရာ၊ဆရာမအချို့သည် အကြောင်းအမျိုးမျိုးကြောင့် ခွင့်မဲ့ပျက်ကွက်မှုများရှိခဲ့ရာမှ လက်ရှိအချိန်အထိ အယူခံဖြင့်အလုပ်ပြန်လည်ဝင်ရောက်လာသော ဆရာ၊ဆရာမ ၃၅၈ ဦးရှိပြီးဖြစ်ကြောင်း သိရသည်။

ထိုသို့ အယူခံဖြင့်အလုပ်ပြန်လည်ဝင်ရောက်လာသည့် ဆရာ၊ဆရာမ ၃၅၈ ဦးတွင်အပါဝင်ဖြစ်သည့် ဆရာ၊ဆရာမ ၉၃ ဦးအား ကရင်ပြည်နယ်ဝန် ကြီးချုပ်ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများက ဒီ ဇင်ဘာ ၆ ရက်နံနက် ၁၀ နာရီတွင် တွေ့ဆုံခဲ့သည်။

“အလုပ်ပြန်လည်ဝင်ရောက်ကြတဲ့ ဆရာ၊ဆရာမတွေအနေနဲ့ မိမိတို့ရဲ့ တပည့်သားသမီးတွေကို ဆရာ့ဝတ်ငါးပါးနဲ့အညီ ကြိုးစားသင်ကြားပေးကြဖို့လိုပါတယ် သွေးထိုးလှုံ့ဆော်တာတွေကို နားမယောင်ဘဲ ပညာရေးရည်မှန်းချက်ပြည့်ဝအောင် ကြိုးစားဆောင်ရွက်ပေးကြစေလိုပါတယ်”ဟု ပြည်နယ်ဝန်ကြီးချုပ်ဦးစောမြင့်ဦးကမှာကြားခဲ့သည်။

ထို့နောက် အယူခံဖြင့်အလုပ်ပြန်လည်ဝင်ရောက် လာသည့် ဆရာ၊ဆရာမ ၉၃ ဦးအတွက် ထောက်ပံ့ငွေကျပ် ၁၈၆၀၀၀၀ ကိုထောက်ပံ့ပေးအပ်ခဲ့သည်။

ကရင်ပြည်နယ်အတွင်း တာဝန်ထမ်းဆောင်လျက်ရှိရာမှ အကြောင်းအမျိုးမျိုးကြောင့် ခွင့်မဲ့ပျက် ကွက်ခဲ့သည့် ဆရာ၊ဆရာမ ၂၆၅ ဦးသည်လည်း အယူခံဖြင့်အလုပ်ပြန်လည်ဝင်ရောက်ခဲ့သဖြင့် မတ် ၁ ရက်တွင် ပြည်နယ်ဝန်ကြီးချုပ်ကလက်ခံတွေ့ဆုံ၍ ထောက်ပံ့ငွေများပေးအပ်ခဲ့ပြီးဖြစ် သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here