အမေရိကန်သမ္မတဟောင်း ကနေဒီလုပ်ကြံခံရစဉ်က လျှို့ဝှက်မှတ်တမ်းများ ထုတ်ပြန်ပေးရန် ဆန္ဒမဲပေးသူ ၇၀ရာခိုင်နှုန်းကျော်က အလိုရှိ

0
283

သုတေသနစစ်တမ်းကောက်ယူသည့် အဖွဲ့တစ်ဖွဲ့နှင့်ပူးပေါင်း၍ အမေရိကန်သမ္မတဟောင်း ဂျွန်အက်ဖ်ကနေဒီ လုပ်ကြံခံရခြင်းဆိုင်ရာ ကျွမ်းကျင်သူ ဒီမိုကရက်တစ်ပါတီဝင် Fernand Amandi ၏ ဆန္ဒမဲကောက်ခံမှုအရ ဆန္ဒမဲပေးသူ ၇၁ ရာခိုင်နှုန်းက သမ္မတ ဂျိုးဘိုင်ဒင် ယမန်နှစ်က ကတိပေးခဲ့သည့်အတိုင်း ကနေဒီလုပ်ကြံခံရစဉ်က လျှို့ဝှက်မှတ်တမ်းများကို အစိုးရက ထုတ်ပြန်ပေးရန် အလိုရှိကြောင်းသိရသည်။

လွန်ခဲ့သည့် နှစ်ပေါင်း ၆၀ နီးပါးက ဖြစ်ပွားခဲ့သော လုပ်ကြံမှုတွင် အချက်အလက်ပေါင်း ၁၆၀၀၀ ခန့်တို့ကို အမေရိကန်အစိုးရက ယနေ့တိုင် လျှို့ဝှက်ထားဆဲဖြစ်ပြီး၊ လုပ်ကြံသူ Lee Harvey Oswald ပါဝင်ခဲ့သည့် ကျုးဘားအရေးဆိုင်ရာ CIA ၏ အစီအစဉ်မှတ်တမ်း ၄၄ ခုကိုလည်း လျှို့ဝှက်ထိန်းသိမ်းထားဆဲဖြစ်သည်။

ယခု ဆန္ဒမဲကောက်ယူရာတွင် အသက် ၁၈ နှစ်မှ ၂၉ နှစ်အသက်အပိုင်းအခြားအတွင်းဖြစ်သော အရွယ်ရောက်ပြီးသူ ၂၀၀၀ ကျော်က မဲပေးခဲ့ကြခြင်းဖြစ်ပြီး၊ ယင်းတို့စုစုပေါင်း၏ ၇၁ ရာခိုင်နှုန်းက အဆိုပါ လျှို့ဝှက်မှတ်တမ်းများကို ထုတ်ပြန်ပေးစေလိုကြခြင်းဖြစ်သည်။ မဲပေးသူများအနက် ရီပတ်ဘလစ်ကန်ပါတီဝင် ၇၆ ရာခိုင်နှုန်းက လျှို့ဝှက်မှတ်တမ်းများထုတ်ပြန်ပေးရန် တောင်းဆိုခဲ့ကြပြီး၊ အလားတူတောင်းဆိုသော ဒီမိုကရက်တစ်ပါတီဝင်များမှာမူ ၆၆ ရာခိုင်နှုန်းသာရှိကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here