တရုတ်အစိုးရသည် ရောဂါလက္ခဏာ မပြသူများနှင့် အပျော့စား လက္ခဏာ ခံစားရသူများအား အိမ်၌သာ ကွာရန်တင်းဝင်၍ ကုသခွင့်ပြုလာ

0
234

တရုတ်အစိုးရသည် ကိုဗစ်-၁၉ ရောဂါလက္ခဏာ မပြသူများနှင့် လက္ခဏာ မပြင်းထန်သူများအား အိမ်၌သာ ကွာရန်တင်းဝင်၍ ကုသနိုင်ကြောင်း ဒီဇင်ဘာလ ၇ ရက် ဗုဒ္ဓဟူးနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။

ထို့ပြင် တရုတ်အမျိုးသား ကျန်းမာရေးကော်မရှင် (NHC)က ထုတ်ပြန်သော ညွှန်ကြားချက်များတွင် တာဝန်ရှိသူများအား ယာယီ လော့ခ်ဒေါင်းချမှုများကို ရုပ်သိမ်းရန်နှင့် ဒေသတွင်း ဖြတ်ကျော်ရွှေ့ပြောင်းနေထိုင်သူများအတွက် စမ်းသပ်စစ်ဆေးခြင်းနှင့် ကျန်းမာရေးကုဒ် ပြသရမည့် သတ်မှတ်ချက်များကို အဆုံးသတ်ရန် ညွှန်ကြားထားပြီး နှစ်သစ်ကူးကာအတွင်း တရုတ်နိုင်ငံတစ်ဝန်း ပိုမိုလွတ်လပ်စွာ ခရီးသွားလာရန် အကြုံပြုထားသည်။

စည်းမျဉ်းအသစ်များကို ကြည့်ခြင်းအားဖြင့် ပေကျင်းအစိုးရသည် ၎င်း၏ ကနဦး ကိုဗစ် လုံးဝ ပပျောက်ရေး အစီအစဉ်များမှ စွန့်ခွာလာပြီး ရောဂါနှင့် အတူ ယှဉ်တွဲနေထိုင်ခြင်း ပုံစံသစ်ဆီသို့ သိသိသာသာ ကူးပြောင်းလာခဲ့သည်။

“ရောဂါလက္ခဏာမပြတဲ့ လူနာတွေနဲ့ လက္ခဏာမပြင်းထန်တဲ့ လူနာတွေကို အိမ်မှာပဲ သီးခြားခွဲထားနိုင်ပြီး ကျန်းမာရေးအခြေအနေကို စောင့်ကြည့်ပေးရပါမယ်၊ သူတို့ အခြေအနေ ဆိုးလာခဲ့ရင်လည်း သတ်မှတ်ထားတဲ့ ဆေးရုံတွေဆီကို အချိန်နဲ့ တစ်ပြေးညီ လွှဲပြောင်းကုသနိုင်ပါတယ်” ဟု NHC ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Source: The Guardian


LEAVE A REPLY

Please enter your comment!
Please enter your name here