ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းနှင့်စပ်လျဉ်း၍ နစက ဒု-ဥက္ကဋ္ဌနှင့်မြန်မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီးတို့ဆွေးနွေး

0
218

နစက ဒု-ဥက္ကဋ္ဌ၊ ဒု-ဗိုလ်ချုပ်မှူးကြီးစိုးဝင်းနှင့်မြန် မာနိုင်ငံဆိုင်ရာ ထိုင်းနိုင်ငံသံအမတ်ကြီး H.E Mr.Mongkol Visitstump တို့တွေ့ဆုံဆွေးနွေးခဲ့ကြခြင်းဖြစ်သည်။

နစက ဒု-ဥက္ကဋ္ဌသည် ထိုင်းနိုင်ငံသံအမတ်ကြီးအား ဒီဇင်ဘာ ၇ ရက်(ယနေ့)မွန်းလွဲပိုင်းက နေပြည် တော်၌ လက်ခံတွေ့ဆုံခဲ့ခြင်းဖြစ်သည်။

မြန်မာ-ထိုင်း နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုပိုမိုတိုးမြှင့်ရေး၊ နှစ်နိုင်ငံအစိုးရများနှင့်တပ်မတော်များကြား အပြန်အလှန်ချစ်ကြည်ရေးခရီးစဥ်များလည်ပတ်နိုင်ရေး၊ နယ်စပ်ဒေသတည်ငြိမ်အေး ချမ်းရေး၊ တရားမဝင်ကုန်သွယ်မှုနှင့်တရားမဝင်အလုပ်သမားတိုက်ဖျက်ရေးတို့အား ဆွေးနွေးခဲ့ကြသည်။

ထို့ပြင် ခရီးသွားကဏ္ဍဖွံဖြိုးတိုးတက်ရေး၊ ကုန် သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုဆိုင်ရာများ၊ ထားဝယ်ရေနက်ဆိပ်ကမ်းစီမံကိန်းဆိုင်ရာများ၊ မြန်မာ- ထိုင်း နှစ်နိုင်ငံ နယ်စပ်ဒေသလမ်းပန်းဆက်သွယ်မှုဖွံဖြိုးတိုးတက်ရေးနှင့်အာဆီယံရေးရာတို့အား ဆွေးနွေးခဲ့ကြသည်။

တွေ့ဆုံပွဲသို့ နစက ဒု-ဥက္ကဋ္ဌနှင့်အတူ နိုင်ငံခြားရေးဝန်ကြီးဌာန ဒု-ဝန်ကြီးဦးကျော်မျိုးထွဋ်၊ အမြဲ တမ်းအတွင်းဝန်ဦးချမ်းအေးနှင့်တာဝန်ရှိသူများ မြန်မာနိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီးနှင့်အတူ ပထမအတွင်းဝန် Ms.Suchanaree Taranatham တို့လည်းတက်ရောက်ခဲ့ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here