မိုင်းဖုန်းဆရာတော်ကြီးမှ လွန်းကျိုင်းကျေးရွာအ နီးရှိ ဗုဒ္ဓဂါယာတွင်တည်ထားကိုးကွယ်မည့် စေတီတော်များအတွင်းဌာပနာများထည့်သွင်းပေးခဲ့

0
254

ရှမ်းပြည်နယ်၊တာချီလိတ်မြို့နယ်၊လွန်းကျိုင်းကျေးရွာအနီးရှိ ဗုဒ္ဓဂါယာတွင်တည်ထားကိုးကွယ်မည့် စေတီများအတွင်းထည့်သွင်းမည့် ဌာပနာတော်များအား မိုင်းဖုန်းဆရာတော်ကြီးမှ ဒီဇင်ဘာ ၇ ရက်တွင်ကြွရောက်၍ ထည့်သွင်းပေးတော်မူခဲ့သည်။

ဗုဒ္ဓဝါယာ၌ တည်ထားကိုးကွယ်မည့် ကပ်ကာစေ တီ၊ကပ်ကွယ်စေတီ၊ကပ်လွတ်စေတီ၊ကပ်လွန်စေ တီ၊ကပ်လွဲစေတီ၊ကပ်ကင်းစေတီ၊ကပ်ဖယ်စေတီနှင့်ကပ်ငြိမ်းစေတီတော်များအတွင်း၌ ထည့်သွင်းမည့်ဌာပနာတော်များအား ထည့်သွင်းပေးတော်မူခဲ့ခြင်းဖြစ်သည်။

မိုင်းဖုန်းဆရာတော်ကြီးသည် ဌာပနာများထည့် သွင်းပေးတော်မူပြီးနောက် ပဌာန်း/ဂါထာတော်များ ရွတ်ဖတ်ပူဇော်ကာ ဧည့်ပရိသတ်များကို ငါး ပါးသီလချီးမြှင့်ပေးတော်မူခဲ့သည်။

မိုင်းဖုန်းဆရာတော်ကြီးသည် လက်ရှိအချိန်၌ ရှမ်း ပြည်နယ်၊တာချီလိတ်မြို့နယ်၊မိုင်းဖုန်း(က)အုပ်စု၊ပါဆာကျေးရွာအနီးရှိ တစ်ပင်တိုင်မြနန်း၌ သီ တင်းသုံးတော်မူလျက်ရှိသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here