မင်္ဂလာဒုံမြို့နယ်ရှိ ခရေပင်လမ်းခွဲတွင် YBS 42 နှင့်အဌားကားတိုက်မိ၍ အမျိုးသမီးတစ်ဦးသေဆုံး ၂ ဦးဒဏ်ရာရ

0
497

ရန်ကုန်တိုင်း၊မင်္ဂလာဒုံမြို့နယ်ရှိ ခရေပင်လမ်းခွဲအနီးတွင် ဒီဇင်ဘာ ၈ ရက်နေ့လည်ပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ကြယ်စင်မေတ္တာလူမှုကူညီရေးအသင်း(တညင်းကုန်း)မှ သိရသည်။

ယင်းနေ့နေ့လည် ၃ နာရီကျော်ခန့်က ပုံမှန်လမ်းကြောအတိုင်းမောင်းနှင်လာသည့် YBS 42 နှင့်တစ်ဖက်ယာဥ်ကြောမှကွေ့ဝင်လာသည့် အဌားကားတို့တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဖြစ်စဥ်ကြောင့် အဌားကားပေါ်တွင်လိုက်ပါလာသည့် အမျိုးသမီး ၂ ဦးအနက် တစ်ဦးမှာထိခိုက်ဒဏ်ရာများရရှိ၍ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ပြီး အမျိုးသမီးတစ်ဦးတွင်လည်း ထိခိုက်ဒဏ် ရာများရရှိကာ အဌားကားမောင်းသူမှာ ကားအတွင်းညပ်သွားခဲ့သည်ဟု သိရသည်။

“ကားထဲညပ်နေတဲ့ကားမောင်းတဲ့လူကို ဝိုင်းပြီးကယ်ထုတ်ပေးခဲ့ရတယ် ဒဏ်ရာရတဲ့ ၂ ယောက် လုံးကို စိုးရိမ်ရအနေအထားနဲ့ဆေးရုံပို့ပေးခဲ့ပါတယ် YBS ပေါ်ပါလာတဲ့လူတွေကတော့ထိခိုက်ဒဏ်ရာရတာမရှိပါဘူး”ဟု လူမှုကူညီရေးအ သင်းဝင်တစ်ဦးကပြောသည်။

ဖြစ်စဥ်၌ သေဆုံးသူ၏ ရုပ်အလောင်းနှင့်ထိခိုက်ဒဏ်ရာရရှိခဲ့သူ ၂ ဦးအား မေဓာဝီဆေးရုံသို့ပို့ ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

Photo- ကြယ်စင်မေတ္တာလူမှုကူညီရေးအသင်း(တညင်းကုန်း)


LEAVE A REPLY

Please enter your comment!
Please enter your name here