ဝါရှင်တန်နှင့်တည်ငြိမ်သောဆက်ဆံရေး အမြန်ရ ရန် တရုတ် ကြိုးပမ်းနေဟုအမေရိကဆို

0
129

ဝါရှင်တန်၊ဒီဇင်ဘာ ၉

တရုတ်နိုင်ငံသည် ပြည်တွင်းစီးပွားရေးစိန်ခေါ်မှုများကိုရင်ဆိုင်နေရသဖြင့် ကာလတိုအတွင်း အမေရိကနှင့်တည်ငြိမ်သောဆက်ဆံရေးရရှိရန် ကြိုးပမ်းနေကြောင်း အိမ်ဖြူတော်၏ အင်ဒို – ပစိဖိတ်ဒေသဆိုင်ရာညှိနှိုင်းရေးမှူး မစ္စတာကာ့ထ်ကမ့်ပ်ဘဲလ်ကပြောကြားခဲ့သည်။

တရုတ်နိုင်ငံ၏တင်းကြပ်သောကိုဗစ်စည်းမျဉ်းများကြောင့် ဆန္ဒပြမှုများဖြစ်ပေါ်လာကာ ၂၀၁၂ ခုနှစ် သမ္မတရှီအာဏာရရှိချိန်မှစ၍ အကြီးဆုံးဆန္ဒပြမှုဖြစ်ခဲ့သည်။ထိုစည်းမျဉ်းများကြောင့် စီးပွားရေးဆုံးရှုံးမှုများဖြစ်ပေါ်ခဲ့သဖြင့် ဆန္ဒပြမှုများပေါ်ပေါက်လာခြင်းဖြစ်သည်။

သို့သော် ယခုဖြေလျှော့ပေးလိုက်သောစည်းမျဉ်းများနှင့်ပတ်သက်၍လည်း ရောဂါတစ်ကျော့ပြန်အားကောင်းလာမည်ကိုစိုးရိမ်နေလျက်ရှိကြသေးသည်။

ယခုပြဿနာများကြောင့်ပင်တရုတ်နိုင်ငံသည် အချိန်တိုအတွင်း အမေရိကနှင့်ဆက်ဆံရေးတည်ငြိမ်စေရန်ကြိုးပမ်းနေခြင်းဖြစ်သည်ဟု မစ္စတာကမ့်ပ်ဘဲလ်ကပြောကြားခဲ့သည်။

နောင်လာမည့်အချိန်များတွင် ဝါရှင်တန်နှင့်ပေကျင်းကြား ပိုမိုလက်တွေ့ကျ၍ ခိုင်မာသော သံခင်းတမန်ခင်းကို ကမ္ဘာကမြင်တွေ့ရလိမ့်မည်ဟုလည်းပြောကြားခဲ့သည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here