မြန်မာအပါဝင် နိုင်ငံ​ပေါင်း ၂၈နိုင်ငံမှ​ရေတပ်များ ဘင်္ဂလား​ဒေ့ရှ်တွင် စစ်ရေးပြ

0
303

မြန်မာ့တပ်မ​တော်(​ရေ) အပါအဝင် နိုင်ငံပေါင်း ၂၈ နိုင်ငံမှ ရေတပ်နှင့် ရေကြောင်းအဖွဲ့အစည်းများ ပူးပေါင်း၍ လေးရက်ကြာ နိုင်ငံတကာ ရေယာဉ်အုပ်စု စစ်​ရေးပြခြင်း ၂၀၂၂ ကိုအင်္ဂါနေ့က ဘင်္ဂလား​ဒေ့ရှ်နိုင်ငံ၊ကော့ဘဇားရှိ Inani တွင် စတင်ခဲ့သည်။

ဗုဒ္ဓဟူးနေ့၌ ဘင်္ဂလား​ဒေ့ရှ်ဝန်ကြီးချုပ်ရှိတ်ဟာစီနာ က IFR 2022 ဖွင့်ပွဲအခမ်းနားသို့တက်​ရောက်ဖွင့်​ပေးခဲ့သည်။

ထိုပူး​ပေါင်း​စစ်​ရေးပြခြင်းသည် အမေရိကန်၊ ဗြိတိန်၊ ဂျာမနီ၊ အီတလီ၊ဆော်ဒီအာရေဗျ၊ အိန္ဒိယ၊ တရုတ်၊ ကိုရီးယား၊ အင်ဒိုနီးရှား၊ တူရကီ နှင့် နယ်သာလန်အပါအဝင် နိုင်ငံအများအပြားပါဝင်သည့် နိုင်ငံအတွင်း ပထမဆုံးသော IFR ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ် ရေတပ်ဝဘ်ဆိုဒ်၏ အဆိုအရ IFR 2022 သည် ကမ္ဘာ့ရေတပ်များ၏ စွမ်းပကား၊ ရေတပ်သံခင်းတမန်ခင်း၊ ချစ်ကြည်ရေးနှင့် နိုင်ငံတကာတွင် ပူးပေါင်းဆောင်ရွက်မှုကို ပြသသည့် စံပြပလက်ဖောင်းတစ်ခုအဖြစ် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

ပူး​ပေါင်းစစ်ရေးပြမူအချိန်ဇယားတွင် သဲသောင်ပြင်ချီတက်ပွဲ၊ ပင်လယ်ပြင်တွင် အထူးတပ်ဖွဲ့၏ လှုပ်ရှားမှုများ​​လေ့ကျင့်ခြင်းနှင့် ရေယာဉ်အုပ်စုစစ်​ရေးပြခြင်းများ ပါဝင်ပါသည်။

ဘင်္ဂလားဒေ့ရှ် ရေတပ်သည် နိုင်ငံ့ဖခင်ကြီး Bangabandhu Sheikh Mujibur Rahman နှစ်တစ်ရာပြည့် နှင့် ဘင်္ဂလားဒေ့ရှ် လွတ်လပ်ရေးရွှေရတု  အထိမ်းမှတ်တွင် IFR ကို ကျင်းပခြင်း ဖြစ်သည်။

Source: dhakatribune.com


LEAVE A REPLY

Please enter your comment!
Please enter your name here