တွဲကားနှင့် ဒိုင်နာကားမျက်နှာချင်းဆိုင်တိုက်မိပြီး ဒိုင်နာ ကားမောင်းသူထိခိုက်ဒဏ်ရာရရှိခဲ့မှု နောင်ချိုမြို့နယ်တွင်ဖြစ်ပွား

0
226

ရှမ်းပြည်နယ်၊နောင်ချိုမြို့နယ်ရှိ မန္တလေး-လားရှိုးသွား ပြည်ထောင်စုလမ်းမကြီးပေါ်တွင် ဒီဇင်ဘာ ၁၀ ရက်နံနက်အစောပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့်လူမှုကူညီရေးအသင်းများမှ သိရသည်။

ယနေ့နံနက်အစောပိုင်း ၅ နာရီ ၂၀ မိနစ်ခန့်က နောင်ချိုမြို့နယ်ရှိ မန္တလေး-လားရှိုးသွား ပြည် ထောင်စုလမ်းမကြီး၏ မိုင်တိုင်အမှတ်(၇၇/၃)နှင့် (၇၇/၄)ကြားတွင် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

မန္တလေးဘက်မှလားရှိုးဘက်သို့ ကြက်ခြင်းများတင်ဆောင်မောင်းနှင်လာသည့် ဒိုင်နာကားနှင့် လားရှိုးဘက်မှမန္တလေးဘက်သို့ မောင်းနှင်လာသည့် တွဲကား တို့ အခင်းဖြစ်နေရာ၌ မျက်နှာချင်းဆိုင်ဝင်တိုက်မိ၍ ဒိုင်နာကားမောင်းသူမှာ ကားခေါင်းခန်းအ တွင်းညပ်သွားခဲ့သည်။

ဖြစ်စဥ်အား နောင်ချိုမြို့နယ်မီးသတ်စခန်းမှတပ် ဖွဲ့ဝင်များနှင့်လူမှုကူညီရေးအသင်းဝင်များက ကယ်ဆယ်ခဲ့ကြသဖြင့် ကားခေါင်းခန်းအတွင်းညပ်နေသည့် ဒိုင်နာ ကားမောင်းသူအား အသက်ရှင်လျက်ကယ်ထုတ်နိုင်ခဲ့ကြသည်။

ထို့နောက် ထိခိုက်ဒဏ်ရာရရှိခဲ့သည့် ဒိုင်နာကားမောင်းသူအား ဖြူစင်မေတ္တာလူမှုကူညီရေးအ သင်းမှ နောင်ချိုပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ဒိုင်နာကားကကြက်ခြင်းတွေတင်လာတာ ကားမောင်းတဲ့လူက ကားခေါင်းခန်းထဲမှာညပ်နေတော့ အ တော်ကြာအောင်ကယ်ထုတ်ခဲ့ရတယ် ဒဏ်ရာတွေရထားပေမယ့် အသက်ရှင်ရက်ကယ်ထုတ်နိုင်ခဲ့ပါတယ် တခြားထိခိုက်ဒဏ်ရာရတဲ့လူမရှိပါဘူး”ဟု လူမှုကူညီရေးအသင်းဝင်တစ်ဦးကပြောသည်၊


LEAVE A REPLY

Please enter your comment!
Please enter your name here