မဟာအောင်မြေမြို့ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင်မီးလောင်မှုဖြစ်ပွား

0
114

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့ရှိ ဓာတ်ဆီဆိုင်တစ်ဆိုင် ယနေ့ (ဒီဇင်ဘာ ၁၀ ရက်) နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့သည်။

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ အနောက်ကမ်းနားလမ်း၊ မြို့ပတ်လမ်း
ဂေါဝိန်ဆိပ်အနီးရှိ မိုဘိုင်းကား ဓာတ်ဆီဆိုင်သည် ၁၁ နာရီ ၁၅ မိနစ်ခန့်တွင် မီးစလောင်ခဲ့ခြင်းဖြစ်သည်ဟု သိရသည်။

သက်ဆိုင်ရာနယ်မြေ မီးသတ်တပ်ဖွဲ့များက Level 1 ယာဉ်အုပ်စုများဖြင့် ထွက်ခွာငြှိမ်းသတ်ခဲ့ရပြီး ၁၁ နာရီ ၃၂ မိနစ်တွင် မီးငြိမ်းသွားကြောင်း သိရသည်။

လက်ရှိအချိန်ထိ မီးလောင်ကျွမ်းမှုဖြစ်ပွားသည့်အကြောင်းအရင်းနှင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး မသိရသေးပေ။

ဓာတ်ပုံ – သန်းဌေး


LEAVE A REPLY

Please enter your comment!
Please enter your name here