အဂတိလိုက်စားမှုများလေလေ တိုင်းပြည်ဆင်းရဲနွမ်းပါးမှုများလေဖြစ်သည့်အတွက် မဟာဗျူဟာမြောက်တိုက်ဖျက်နေကြောင်း နစက ဥက္ကဋ္ဌပြော

0
127

အဂတိလိုက်စားမှုများလေ တိုင်းပြည်တွင် ဆင်းရဲမွဲတေမှုများလေဖြစ်သည့်အတွက် မဟာဗျူဟာစီမံချက်ရေးစွဲကာ အဂတိလိုက်စားမှုများကို တိုက်ဖျက်နေကြောင်း နစကဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောသ ည်။

ဒီဇင်ဘာလ (၉) ရက်က နေပြည်တော်တွင်ပြုလုပ်သည့် အပြည်ပြည်ဆိုင်ရာ အဂတိလိုက်စားမှုတိုက်ဖျက်ရေးနေ့အခမ်းအနားတွင် နစက ဥက္ကဋ္ဌက ပြောကြားခဲ့ခြင်းဖြစ် သည်။

” “အဂတိ လိုက်စားမှုများလေလေ ဆင်းရဲနွမ်းပါးမှုများလေ၊ ဆင်းရဲနွမ်းပါးမှုများလေလေ အဂတိလိုက်စားမှုများလေ” ဖြစ်သည့်အတွက် အဂတိလိုက်စားမှုတိုက်ဖျက်ရေး မဟာဗျူဟာစီမံချက် (၂၀၂၂-၂၀၂၅)ကိုရေးဆွဲချ မှတ်ပြီး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်” ဟု ဆိုသည်။

ယင်းသို့ မဟာဗျူဟာတွင် တားဆီးကာကွယ်ခြင်း၊ အသိ ပညာပေးခြင်းနှင့် စုံစမ်းစစ်ဆေးအရေးယူခြင်းဆိုသည့် အဂတိလိုက်စားမှုတိုက်ဖျက်ရေး လုပ်ငန်းစဉ်သုံးရပ်ကို ဟန်ချက်ညီညီ ပေါင်းစပ်လုပ်ဆောင်ကြရန် ရေးဆွဲထားကြောင်း သိရသည်။

နစက၏ အမျိုးသားရေး မျှော်မှန်းချက်သည် တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာပေါများရေးဖြစ်ပါကြောင်းလည်း ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ထည့် သွင်း ပြောကြားသွားသည်။

ထို့အပြင် အဂတိလိုက်စားမှု လျော့နည်းကျဆင်းစေရေး ဆောင်ရွက်ရာတွင် စုံစမ်းစစ်ဆေး အရေးယူမှုတစ်ခုတ ည်းဖြင့် ဆောင်ရွက်မည်ဆိုပါက လုံလောက်မှုမရှိသည့်အ တွက် အဂတိလိုက်စားမှုကို လုံးဝလက်မခံသည့် ယဉ် ကျေးမှုတစ်ရပ် ပေါ်ထွန်းလာစေရေး အလေးထားလုပ် ဆောင်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

နိုင်ငံတော်က ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေ၊ စည်း မျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းတစ်ရပ်ရပ်ကို ဖောက် ဖျက်ပြီး နိုင်ငံတော်၏ ငွေကြေး၊ ပစ္စည်းနှင့်ပိုင်ဆိုင်မှုများကို ထိခိုက်နစ်နာစေခဲ့ပါက အဂတိလိုက်စားမှုမြောက်သည့်အတွက် တည်ဆဲဥပဒေ၊စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ သတိထားလိုက်နာလုပ်ဆောင်ကြရန်လည်း သတိပေး ပြောကြားခဲ့သည်။

တည်ဆဲဥပဒေ၊ စည်းမျဉ်းစည်းကမ်း၊ လုပ်ထုံးလုပ်နည်းများနှင့်စပ်လျဉ်းပြီး မရှင်းလင်းသည့်အချက်များ၊ ဒွိဟ ဖြစ်ဖွယ်ရာ အကြောင်းအရာများတွေ့ရှိပါက သက်ဆိုင် ရာ ပြည်ထောင်စုအဆင့်ဌာန၊ အဖွဲ့အစည်းများထံမှ သ ဘောထားမှတ်ချက် တောင်းခံပြီး ပေးပို့လာသည့် သ ဘောထားမှတ်ချက်များနှင့်အတူ အထက်အဖွဲ့အစည်းသို့ လမ်းညွှန်မှု ခံယူဆောင်ရွက်သွားကြရန်လည်း မှာကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here