အင်္ဂလန်ကိုအနိုင်ယူပြီး ပြင်သစ်ဆီမီးဖိုင်နယ်တက်ရောက်

0
198

ကမ္ဘာ့ဖလား ကွာတားဖိုင်နယ် နောက်ဆုံးပွဲစဉ်အဖြစ် ပြင်သစ် အသင်းနဲ့ အင်္ဂလန်အသင်းတို့ ယှဉ်ပြိုင်ကစားရာမှာ အင်္ဂလန်ကိုအနိုင်ယူပြီး ပြင်သစ်တို့ ဆီမီးဖိုင်နယ်တက်ရောက်သွားခဲ့ပါတယ်။

ပွဲအစကတည်းက နှစ်သင်းစလုံး အပြန်အလှန် ထိုးဖောက်မှုကိုယ်စီ လုပ်ခဲ့ပေမယ့်လည်း ပြင်သစ်တိုက်စစ်က ပိုမိုအလုပ်ဖြစ်ခဲ့ပြီး ပွဲကစားချိန် ၁၇ မိနစ်မှာ ပြင်သစ်ကွင်းလယ်လူ ချူအာမန်နီက အဝေးကနေ အပြင်း ကန်သွင်းပြီး ဦးဆောင်ဂိုး ရခဲ့ပါတယ်။

ဂိုးပေးလိုက်ရပြီးနောက်ပိုင််းအင်္ဂလန်ရဲ့ ကစားပုံ ပိုမိုကောင်းလာခဲ့ပေမယ့် ပထမပိုင်းအပြီးမှာ ပြင်သစ်အသင်းရဲ့ ၁ ဂိုး ဂိုးမရှိနဲ့ ဦးဆောင်ခြင်း ခံခဲ့ရပါတယ်။

ဒုတိယပိုင်းမှာတော့ အင်္ဂလန်တို့ပိုမိုဖိအားပေးတိုက်စစ်ဆင်လာတဲ့အတွက် ပွဲကစားချိန် ၅၅ မိနစ်မှာ ဆာခါကြောင့်ရတဲ့ ပင်နယ်တီကို ဟယ်ရိီကိန်းက သွင်းယူပြီး ချေပဂိုးရယူနိုင်ခဲ့ပါတယ်။

ပွဲကစားချိန် ၇၈ မိနစ်မှာတော့ ပြင်သစ်ဝါရင့်တိုက်စစ်မှုး ဂီရောစ့်က ပြင်သစ်အတွက် အနိုင်ဖြစ်စေတဲ့ ဂိုးကိုသွင်းယူနိုင်ခဲ့ပါတယ်။

မကြာခင်မှာပဲ အင်္ဂလန်တို့ ဒုတိယမြောက်ပင်နယ်တီရခဲ့ပေမယ့် ဟယ်ရီကိန်းရဲ့ ကန်ချက်က ဂိုးဘားတန်းပေါ်ကကျော််ထွက်သွားပြီး ချေပဂိုးအဖြစ်မပြောင်းလဲနိုင်တာကြောင့် ပြင်သစ်က ၂ ဂိုး ၁ ဂိုး ရလဒ်နဲ့ အင်္ဂလန်ကိုအနိုင်ရပြီး ‌ဆီမီးဖိုင်နယ်ကို တက်ရောက်သွားပါတယ်။

ပြင်သစ်ဟာ ဆီမီးဖိုင်နယ်မှာ မော်ရိုကိုအသင်းနဲ့ရင်ဆိုင်ရမှာဖြစ်ပါတယ်။


LEAVE A REPLY

Please enter your comment!
Please enter your name here