ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် ရေးဆွဲပြဋ္ဌာန်းထားသည့် “မြန်မာနိုင်ငံ အမျိုးသားလူ့အ ခွင့်အရေးကော်မရှင်ဥပဒေ”အရ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်ထိန်းသိမ်းလျက်ရှိဟု နစက ဥက္ကဋ္ဌပြော

0
314

နစက ဥက္ကဋ္ဌ၊ ဝန်ကြီးချုပ်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်မှ ဒီဇင်ဘာ ၁၀ ရက်နံနက်ပိုင်းက နေ ပြည်တော်၌ကျင်းပသည့် (၇၄)နှစ်မြောက် အ ပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေးနေ့အထိမ်းအ မှတ် အခမ်းအနား၌ပြောကြားခဲ့ခြင်းဖြစ်သည်။

ဖွဲ့စည်းပုံအခြေခံဥပဒေ(၂၀၀၈ ခုနှစ်)တွင် နိုင်ငံ သား၊နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာ ဝန်များကို အခန်းတစ်ခန်းအဖြစ် ထည့်သွင်းရေး ဆွဲပြဋ္ဌာန်းထားသည်ဟု ဆိုသည်။

ဖွဲ့စည်းပုံအခြေခံဥပဒေပါ နိုင်ငံသားများ၏ မူလအခွင့်အရေးများကို ပိုမိုကာကွယ်စောင့်ရှောက်နိုင်ရန် “မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေးကော် မရှင်ဥပဒေ”အား ပြဋ္ဌာန်းထားပြီး ဥပဒေနှင့်အညီ မြန်မာနိုင်ငံအမျိုးသားလူ့အခွင့်အရေးကော်မရှင်ကိုဖွဲ့စည်း၍ လူ့အခွင့်အရေးချိုးဖောက်မှုများကို ကာကွယ်ထိန်းသိမ်းခြင်းနှင့်အသိပညာပေးမှုများကို မြှင့်တင်ကြပ်မတ်စစ်ဆေးလျက်ရှိသည်ဟု ဆို သည်။

ထို့ပြင် နိုင်ငံသူ၊နိုင်ငံသားများ အခြေခံအခွင့်အ ရေးများကိုခံစားရရှိပြီး လူမှုစီးပွားဘဝမြင့်မားတိုးတက်လာစေရန် နိုင်ငံတစ်ဝန်းလုံး တည်ငြိမ်အေးချမ်းမှုရှိရန်လည်း အဓိကကျသည်ဟု ဆို သည်။

“ဒါ့ကြောင့် တိုင်းရင်းသားလူမျိုးတွေရဲ့ အခွင့်အ ရေးတွေ တန်းတူညီမျှရေးနဲ့အမျိုးသားစည်းလုံးညီညွတ်ရေးကို ကြိုးပမ်းအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာမှာ အမျိုးသားစည်းလုံးညီ ညွတ်ရေးနဲ့ငြိမ်းချမ်းရေးဖော်ဆောင်ရေးအတွက် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းတွေကို ဖိတ်ခေါ်တွေ့ဆုံပြီး ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကို အလေးပေးဆောင်ရွက်နေပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

မိမိတို့နိုင်ငံ၏ တိုင်းရင်းသားများသည် ဘာသာ တရားနှင့်ယဉ်ကျေးမှုဓလေ့ထုံးစံ လူမျိုး၏ ပင် ကိုယ်စရိုက်လက္ခဏာများအရ လူသားချင်းလေး စားမှုနှင့်လူ့အခွင့်အရေးကို တန်ဖိုးထားမှုရှိသည့် နိုင်ငံနှင့်လူမျိုးများဖြစ်သည်ဟု ဆိုသည်။

“လူသားအားလုံးအတွက်အရေးပါတဲ့ အမွေအနှစ်ဖြစ်တဲ့ ကမ္ဘာ့လူ့အခွင့်အရေးကြေညာစာတမ်းကို အလေးပေးထင်ဟပ် ဖော်ညွှန်းဂုဏ်ပြုတဲ့ လှုပ် ရှားဆောင်ရွက်ချက်တွေနဲ့ လေးစားလိုက်နာ ဆောင်ရွက်သွားကြဖို့ တိုက်တွန်းလိုပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောသည်။

မြန်မာနိုင်ငံအနေဖြင့် လူ့အခွင့်အရေးအား လေး စားတန်ဖိုးထားပြီး ကျင့်သုံးလိုက်နာပူးပေါင်း ဆောင်ရွက်နိုင်ရန် အပြည်ပြည်ဆိုင်ရာလူ့အခွင့် အရေး အဓိကသဘောတူစာချုပ်များဖြစ်သည့် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာသဘော တူစာချုပ်၊အမျိုးသမီးများအပေါ် နည်းမျိုးစုံဖြင့် ခွဲခြားမှုပပျောက်ရေးဆိုင်ရာသဘောတူစာချုပ်၊မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာသဘောတူစာချုပ်နှင့်စီးပွားရေး၊လူမှုရေးနှင့်ယဉ်ကျေးမှုအ ခွင့်အရေးများဆိုင်ရာ အပြည်ပြည်ဆိုင်ရာ သ ဘောတူစာချုပ်တို့တွင် စာချုပ်ဝင်နိုင်ငံအဖြစ်ပါ ဝင်ချုပ်ဆိုခဲ့သည်ဟု ဆိုသည်။

“အဲဒီ စာချုပ်တွေနဲ့ဆက်စပ်နေတဲ့ နောက်ဆက်တွဲသဘောတူစာချုပ်တစ်ချို့ကိုလည်း ပါဝင်ချုပ်ဆိုထားပြီးဖြစ်ပါတယ်”ဟု နစက ဥက္ကဋ္ဌကပြောကြားခဲ့သည်။


LEAVE A REPLY

Please enter your comment!
Please enter your name here