ထိုင်းနိုင်ငံသို့ရောက်ရှိနေသည်မှာ ၃ လကျော်ပြီဖြစ်သော်လည်း မြန်မာ MoU အလုပ်သမား ၆၂ ဦး အလုပ်မရသဖြင့်အခက်အခဲများဖြစ်ပေါ်နေ

0
273

ပြည်ပအလုပ်အကိုင်ရှာဖွေရေးတရားဝင်(ထိုင်း) လိုင်စင်ရကုမ္ပဏီဖြစ်သည့် “မြင့်မြတ်တံခွန်”ကုမ္ပ ဏီမှစေလွှတ်၍ ထိုင်းနိုင်ငံသို့ရောက်ရှိနေသည့် မြန်မာ MoU အလုပ်သမား ၆၂ ဦးမှာ ၃ လကျော် သည်အထိ အလုပ်မရသဖြင့် အခက်အခဲများဖြစ်ပေါ်နေသည်ဟု AAC မဟာမိတ်အဖွဲ့မှ သိရသည်။

အခက်အခဲဖြစ်ပေါ်နေသည့် မြန်မာ MoU အလုပ် သမားများအား AAC မဟာမိတ်အဖွဲ့မှ အလုပ်အ ကိုင်ရရှိရန် ကူညီဆောင်ရွက်ပေးခဲ့ပြီးနောက် အ လုပ်မဆင်းရသည့် ရက်များအတွက်နစ်နာကြေးရရှိရန်လည်း ဆက်လက်ကူညီပေးလျက်ရှိကြောင်း သိရသည်။

ထိုသို့ အခက်အခဲများဖြစ်ပေါ်နေခြင်းအား မြန်မာ MoU အလုပ်သမား ၆၂ ဦးအား တာဝန်ယူစေ လွှတ်ခဲ့သည့် “မြင့်မြတ်တံခွန်”ကုမ္ပဏီမှလာရောက်ဖြေရှင်းပေးခြင်းမရှိသေးကြောင်း AAC မ ဟာမိတ်အဖွဲ့မှ သိရသည်။

မြန်မာ MoU အလုပ်သမား ၆၂ ဦးသည် ထိုင်းနိုင် ငံ၌ အလုပ်လုပ်ကိုင်ရန် “မြင့်မြတ်တံခွန်”ကုမ္ပဏီအား ဝန်ဆောင်ခအဖြစ် တစ်ဦးလျင် ကျပ်သိန်း ၂၀ စီပေးချေခဲ့ရသည်ဟု AAC မဟာမိတ်အဖွဲ့မှ သိရသည်။

Photo-AAC မဟာမိတ်


LEAVE A REPLY

Please enter your comment!
Please enter your name here