အိန္ဒိယ တောင်ပိုင်းမုန်တိုင်းဝင်၊ လူလေးဦး ထက်မနည်းသေဆုံး

0
241

မွမ်ဘိုင်း၊ဒီဇင်ဘာ ၁၀

အိန္ဒိယတောင်ပိုင်း တမီလ်နာဒူးပြည်နယ်တွင် ဒီဇင်ဘာလ ၁၀ ရက်နေ့က မုန်တိုင်းဝင်ရောက်တိုက်ခတ်မှုကြောင့် လူလေးဦးထက်မနည်းသေဆုံးခဲ့ကြောင်း ပြည်နယ်၏ထိပ်တန်းအရာရှိတစ်ဦးကပြောကြားခဲ့သည်။

အဆိုပါမုန်တိုင်းကြောင့် ခရိုင်အများအပြားတွင်လည်း မိုးသည်းထန်စွာရွာသွန်းခဲ့ပြီး လေပြင်းတိုက်ခတ်မှုများကြောင့် နေအိမ်များပျက်စီးကာ ဓာတ်အားပြတ်တောက်မှုများလည်းဖြစ်ပေါ်ခဲ့ကြောင်းသိရှိရသည်။

သောကြာနေ့ညနှောင်းပိုင်းက ကုန်းတွင်းပိုင်းသို့ဝင်ရောက်ခဲ့သည့် ဆိုင်ကလုန်းမုန်တိုင်းမန်ဒတ်စ်သည် အိမ်ခြေ ၁၈၅ လုံးနှင့်တဲအိမ်များကိုပျက်စီးစေခဲ့ကြောင်း တမီလ်နာဒူးပြည်နယ်ဝန်ကြီးချုပ် အမ်ကေစတာလင်က သတင်းထောက်များအားပြောကြားခဲ့သည်။

မော်တော်ယာဉ်နှင့်နည်းပညာကုမ္ပဏီများအတွက် အချက်အချာကျသောပြည်နယ်၏မြို့တော် ချန်နိုင်းတွင်လည်း မုန်တိုင်းကြောင့်သစ်ပင်ပေါင်း ၄၀၀ ခန့်အမြစ်မှကျွတ်ထွက်သွားခဲ့သည်။သက်ဆိုင်ရာမှကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေပြီး လူပေါင်း ၉,၀၀၀ ခန့်အား ဘေးလွတ်ရာသို့ရွှေ့ပြောင်းပေးထားကြောင်းလည်းဖော်ပြထားသည်။

Source : Reuters

Photo-AFP


LEAVE A REPLY

Please enter your comment!
Please enter your name here