ချမ်းအေးသာစံမြို့နယ်ရှိ MGR Hotel ၏ အခန်းတစ်ခုအတွင်း၌ မီးလောင်မှုဖြစ်ပွားခဲ့

0
221

မန္တလေးတိုင်း၊ချမ်းအေးသာစံမြို့နယ်ရှိ MGR Hotel ၏ အခန်းတစ်ခုအတွင်း၌ ဒီဇင်ဘာ ၁၁ ရက်(ယနေ့)နံနက်ပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်နှင့် East Marlar Volunteer Fire Brigade တို့မှ သိရသည်။

ယနေ့နံနက် ၉ နာရီခွဲခန့်က ချမ်းအေးသာစံမြို့နယ်၊ ၇၆ လမ်းနှင့် ၇၇ လမ်း၊ ၃၃ လမ်းနှင့် ၃၄ လမ်းကြားရှိ MGR Hotel ၃ လွှာရှိ အခန်းတစ်ခုအတွင်း၌ မီးလောင်မှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

သတင်းအရ ချမ်းအေးသာစံမြို့နယ်မီးသတ်စခန်းမှတပ်ဖွဲ့ဝင်များနှင့် East Marlar Volunteer Fire Brigade အဖွဲ့ဝင်များက ဝိုင်းဝန်းငြှိမ်းသတ်ခဲ့ကြသဖြင့် နံနက် ၉ နာရီ ၄၄ မိနစ်၌ မီးငြိမ်းသွားခဲ့ကြောင်း သိရသည်။

“မီးလောင်တာကမများပါဘူး မီးခိုးနည်းနည်းများသွားတာပဲရှိတာပါ လူထိခိုက်ဒဏ်ရာရတာလည်း မရှိပါဘူး”ဟု East Marlar Volunteer Fire Brigade အဖွဲ့ဝင်တစ်ဦးကပြောသည်။

မီးလောင်မှုဖြစ်ပွားရသည့်အကြောင်းရင်းနှင့်ပျက်စီးဆုံးရှုံးမှုတန်ဖိုးအား မီးသတ်တပ်ဖွဲ့တာဝန် ရှိသူများက စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Photo Ko Than Htay


LEAVE A REPLY

Please enter your comment!
Please enter your name here