ပါရီ၌ မော်ရိုကို၊ပြင်သစ် ဘောလုံး ပရိသတ်များ ‌အောင်ပွဲခံ၊ ရဲနှင့်ထိပ်တိုက်တွေ့

0
288

ပါရီ၊ဒီဇင်ဘာ ၁၁

ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်အဆင့်သို့တက်လှမ်းသွားနိုင်ပြီဖြစ်သော ပြင်သစ်နှင့်မော်ရိုကို ဘောလုံးအသင်း များ ကို အားပေးသူပရိသတ်များက ပြင်သစ်နိုင်ငံ ပါရီရှိ ရွှမ်ဇေ လီဇေ လမ်းမကြီး၌ အောင်ပွဲခံနေကြသဖြင့် ပြင်သစ်ရဲများကမျက်ရည်ယိုဗုံးသုံးကာ လူစုခွဲခဲ့ရကြောင်းသိရှိရသည်။

မော်ရိုကိုနှင့်ပေါ်တူဂီပွဲစဉ်အပြီး မော်ရိုကိုအသင်းပရိသတ်များသည် အဆိုပါ လမ်းမ ကြီးသို့ ထောင်နှင့်ချီလာရောက်ခဲ့ကြပြီး ရဲများတပ်ဖြန့်ထားသည့်ကြားမှပင် သံပြိုင်အော်ဟစ်ခြင်း၊အလံဝှေ့ယမ်းခြင်း ဟွန်းတီးခြင်များပြုလုပ်ခဲ့ကြကြောင်းသိရှိရသည်။

ယင်းနောက် ပြင်သစ်နှင့်အင်္ဂလန်ပွဲစဉ်အပြီး ပြင်သစ်အသင်းအနိုင်ရရှိသွားသောအခါ လူပိုများလာကာ အောင်ပွဲလာခံကြသည်ဟုဆိုသည်။ထို့ကြောင့်ရဲတပ်ဖွဲ့များကလူစုခွဲရန်ကြိုးပမ်းရာ၌ မျက်ရည်ယိုဗုံးများကိုအသုံးပြုခဲ့ရသည်ဟုဆိုသည်။

ရိုက်တာသတင်းဌာန၏ တီဗွီရုပ်သံလိုင်း၌လည်း ဈေးဆိုင်များကိုရိုက်ဖျက်ကာ ရဲများနှင့်ထိပ်တိုက်တွေ့နေသော ပရိသတ်များအားမြင်တွေ့ရပြီး အဆိုပါ လမ်းမ ကြီး အနီးရှိ ဖရိဒ်လမ်း၌လည်း မီးတောက်အချို့ကိုမြင်တွေ့ရသည်ဟုသိရှိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here