ဂျပန်နိုင်ငံ၏ ပထမဆုံးသော လသွား အာကာသ ယာဉ် ယနေ့ပစ်လွှတ်

0
268

ဂျပန်နိုင်ငံ၏ ပထမဆုံးသော လသွား အာကာသယာဉ်လည်းဖြစ်၊ ပထမဆုံး ပုဂ္ဂလိက အာကာသယာဉ်လည်းဖြစ်သည့် လူမဲ့အာကာသယာဉ်တစ်စင်းကို အီလွန်မတ်စ်၏ Space X ကုမ္ပဏီမှ Falcon 9 ဒုံးပျံဖြင့် အမေရိကန်ပြည်ထောင်စု၊ ဖလော်ရီဒါပြည်နယ် ကာနာဗာရယ်အငူ ဒုံးလွှတ်စခန်းမှ ယနေ့ ဒီဇင်ဘာ ၁၁ ရက် ဒေသစံတော်ချိန် နံနက် ၂ နာရီ ၃၈ မိနစ်တွင် အောင်မြင်စွာလွှတ်တင်ခဲ့သည်။

ယင်းဒုံးပျံလွှတ်တင်မှုကို နှစ်ကြိမ်မျှ ရွှေ့ဆိုင်းခဲ့ပြီးနောက် ယနေ့တွင် လွှတ်တင်နိုင်ခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ရဲ့ ပထမဆုံး လသွားခရီးစဉ်က လကမ္ဘာရဲ့အခြေအနေကို ထုတ်ဖော်ပြီး တက်ကြွတဲ့ စီးပွားရေးစနစ်တစ်ခုအဖြစ် အခြေခံအုတ်မြစ်ချသွားမှာပါ” ယင်း အာကာသယာဉ်ကို ထုတ်လုပ်ခဲ့သော တိုကျိုအခြေစိုက် iSpace ကုမ္ပဏီမှ အမှုဆောင် အရာရှိချုပ် တာကေရှီ ဟာကာမာဒါ က သတင်းထုတ်ပြန်ခဲ့သည်။

ယင်း အာကာသယာဉ်လွှတ်င်ခြင်းသည် iSpace ကုမ္ပဏီ၏ Hakuto-R ဟုခေါ်သော အာကာသအစီအစဉ်၏ ပထမအဆင့်ဖြစ်ကြောင်းသိရသည်။

Ref: Japanese start-up launches historic moon mission


LEAVE A REPLY

Please enter your comment!
Please enter your name here