ဂျပန်နှင့်လုံခြုံရေးဆက်ဆံမှု ပိုမိုပူးပေါင်းမည်ဟုသမ္မတဆိုင်အင်ဝမ်ဆို

0
531

တိုင်ပေ၊ဒီဇင်ဘာ ၁၀

ဂျပန် အယ်လ်ဒီပီ ပါတီမှ အကြီးတန်းလွှတ်တော်အမတ်တစ်ဦးထိုင်ဝမ်သို့လာစဉ်  ထိုင်ဝမ်သမ္မတဆိုင်က ဂျပန်နှင့်လုံခြုံရေးပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်ကာ အင်ဒို – ပစိဖိတ်ဒေသ၏လွတ်လပ်မှုခိုင်မာစေရမည်ဟု ကတိပြုခဲ့ကြောင်းသိရှိရသည်။

တရုတ်က၎င်း၏ပိုင်နက်အဖြစ်သတ်မှတ်ထားသော ထိုင်ဝမ်ကျွန်းနိုင်ငံနှင့်ဂျပန်တို့သည် တရားဝင်သံတမန်ဆက်ဆံရေးမျိုးမရှိသော်လည်း ရင်းနှီးသောဆက်ဆံရေးမျိုးရှိကြပြီး တရုတ်နိုင်ငံ၏တစ်စတစ်စကြီးထွားလာနေသော စစ်အင်အားနှင့်စစ်ရေးလှုပ်ရှားမှုများအတွက်လည်း စိုးရိန်ပူပန်လျက်ရှိကြသည်။

ထို့ကြောင့်အနာဂတ်၌ ထိုင်ဝမ်အနေဖြင့် အင်ဒို – ပစိဖိတ်ဒေသ၏ လွတ်လပ်မှု၊ပွင့်လင်းမှုနှင့်တည်ငြိမ်မှုရရှိစေရန် လုံခြုံရေးကဲ့သို့သောနယ်ပယ်များအပါအဝင် အခြားနယ်ပယ်ပေါင်းစုံ၌ ဂျပန်နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မှုများကိုမြှင့်တင်သွားမည်ဟုလည်းဆိုသည်။

ဂျပန်အနေဖြင့်လည်း ထိုင်ဝမ်အားမိတ်ဆွေကောင်းနိုင်ငံတစ်နိုင်ငံအဖြစ်ယူဆထားပြီး တရုတ်၏ထိုင်ဝမ်အရေးလှုပ်ရှားမှုအားလုံးကိုလည်း သတိဖြင့်စောင့်ကြည့်စိတ်ပူနေကြောင်းပြောကြားခဲ့သည်။

ယင်းနောက် ကာကွယ်ရေးအင်အားကောင်းမွန်စေရန်အတွက် နှစ်နိုင်ငံဆက်ဆံရေးအား ယခုထက်ပိုခိုင်မာအောင်တည်ဆောက်သွားမည်ဟုလည်းပြောကြားခဲ့သည်။

Source : Nikkei Asia


LEAVE A REPLY

Please enter your comment!
Please enter your name here