လွိုင်ကော်မြို့အထွက်တွင် ဆိုင်ကယ်နှင့်ကားတို့ မျက်နှာချင်းဆိုင်တိုက် ဆိုင်ကယ်မောင်းသူအမျိုးသမီးသေဆုံး

0
372

ကယားပြည်နယ်၊လွိုင်ကော်မြို့အထွက်ရှိ စစ် ဆေးရေးဂိတ်အနီးတွင် ဒီဇင်ဘာ ၁၁ ရက်(ယနေ့) ညနေပိုင်းက ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ရွှေလွိုင်ကော်(ကယား)ပရဟိတအသင်းမှ သိရသည်။

ယနေ့ညနေ ၄ နာရီကျော်ခန့်က လွိုင်ကော်မြို့အ ထွက် လွိုင်ကော်-ဘောပိတသွားကားလမ်းပေါ်ရှိ စစ်ဆေးရေးဂိတ်အနီး၌ အသက်(၄၀)နှစ်ကျော်ခန့်ရှိ အမည်၊နေရပ်လိပ်စာ(စုံစမ်းဆဲ)မောင်းနှင်လာသည့် ဆိုင်ကယ်နှင့်ကားတို့ မျက်နှာချင်းဆိုင်တိုက်မိခဲ့ခြင်းဖြစ်သည်။

ထိုသို့ တိုက်မိမှုကြောင့် ဆိုင်ကယ်မောင်းလာသည့် အမျိုးသမီး၏ ဦးခေါင်းအရိုးကြေဒဏ်ရာရရှိကာ အခင်းဖြစ်နေရာ၌ သေဆုံးသွားခဲ့ကြောင်း ရွှေလွိုင်ကော်(ကယား)ပရဟိတအသင်းမှ သိရသည်။

“ကားသမားက အခင်းဖြစ်နေရာမှာပဲရှိပါတယ် တာဝန်ရှိတဲ့လူတွေကတော့လာစစ်နေကြတယ် သေသွားတဲ့အမျိုးသမီးနဲ့ပတ်သက်ပြီး အခုချိန်ထိသူ့မိသားစုဝင်တွေနဲ့အဆက်အသွယ်မရသေးပါဘူး”ဟု ရွှေလွိုင်ကော်(ကယား)ပရဟိတအသင်း ၏ ဒု-ဥက္ကဋ္ဌဦးအောင်မိုးမြင့်ကပြောသည်။

သေဆုံးသူအမျိုးသမီး၏ ရုပ်အလောင်းအား ရွှေလွိုင်ကော်(ကယား)ပရဟိတအသင်းမှ လွိုင်ကော်မြို့ပြည်သူ့ဆေးရုံကြီး ရင်ခွဲရုံသို့ပို့ဆောင်ပေးခဲ့ကြပြီး သေဆုံးသူနှင့်ပတ်သက်၍ မိသားစုဝင်များရှိပါက အသင်းသို့ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here