တရုတ်နိုင်ငံ၏ Smart Dragon-3 (SD-3) သယ်ယူပို့ဆောင်ရေး ဒုံးပျံ ပထမဆုံးပျံသန်းမှု အောင်မြင်

0
298

တရုတ်နိုင်ငံ၏ Smart Dragon-3 (SD-3) သယ်ယူပို့ဆောင်ရေးဒုံးပျံသည် စီးပွားဖြစ် ဂြိုဟ်တု ၁၄ လုံးကို သယ်ဆောင်၍ ယင်း၏ ပထမဆုံး ပျံသန်းမှုကို သောကြာနေ့က အောင်မြင်စွာပျံသန်းခဲ့သည်။

အလျား ၃၁ မီတာ ရှိပြီး တန်ချိန် ၁၄၀ လေးသော အဆိုပါ ဒုံးပျံကို ပင်လယ်ဝါရှိ ဒုံးလွှတ်စခန်းမှ လွှတ်တင်ခဲ့ရာ သယ်ဆောင်သွားခဲ့သော ဂြိုဟ်တု ၁၄ လုံးအား ထိုနေ့တွင်ပင် ကြိုတင်စီစဉ်ထားသော ပတ်လမ်းများအတွင်းသို့ အသီးသီးပို့ဆောင်ပေးခဲ့ကြောင်းသိရသည်။

တရုတ်နိုင်ငံ China Academy of Launch Vehicle Technology မှထုတ်လုပ်ထားသော အဆိုပါ Smart Dragon-3 (SD-3)သည် အဆင့်လေးဆင့်ပါသော လောင်စာခဲသုံး ဒုံးပျံပုံစံသစ်ဖြစ်ကာ Dragon ဒုံးပျံမိသားစု၏ ဒုတိယမျိုးဆက်ဖြစ်သည်။

Dragon ဒုံးပျံများသည် Long March ဒုံးပျံများနှင့်မတူပဲ စီးပွားဖြစ်ဂြိုဟ်တုများနှင့် ဆက်သွယ်ရေးကွန်ရက်ဂြိုဟ်တုများအား ကမ္ဘာပတ် ပတ်လမ်းအနိမ့်တွင်းသို့ ပို့ဆောင်ပေးခြင်းဈေးကွက် ကြီးမားလာမှုလိုအပ်ချက်ကို ဖြည့်ဆည်းရန်အတွက် စီးပွားဖြစ်အနေဖြင့် ထုတ်လုပ်ထားခြင်းဖြစ်ကြောင်းသိရသည်။ 

Ref: Commercial rocket Smart Dragon-3 makes maiden flight


LEAVE A REPLY

Please enter your comment!
Please enter your name here