မော်ရိုကို – ပြင်သစ် ဆီမီးဖိုင်နယ်ပွဲအားပေးရန် ပြင်သစ်သမ္မတ ကာတာသွားမည်

0
231

ပါရီ၊ဒီဇင်ဘာ ၁၁

ပြင်သစ်သမ္မတ အီမန်နူရယ်မက်ခရွန်သည် ကမ္ဘာ့ဖလားဆီမီးဖိုင်နယ်သို့တက်ရောက်သွားသည့် ပြင်သစ်နှင့်မော်ရိုကိုအသင်းပွဲစဉ်ကိုကြည့်ရှူရန် ကာတာသို့သွားမည်ဖြစ်ကြောင်း ပြင်သစ်အားကစားဝန်ကြီး အမ်မလီအူဒါးကက်စတယ်လာကပြောကြားခဲ့သည်။

၂၀၁၈ ခုနှစ်ချန်ပီယံပြင်သစ်အသင်းသည်  ကွာတားဖိုင်နယ်အဆင့်၌ အင်္ဂလန်အားနှစ်ဂိုးတစ်ဂိုးဖြင့်အနိုင်ရရှိပြီးနောက် ပေါ်တူဂီအား တစ်ဂိုး ဂိုးမရှိဖြင့်အနိုင်ရလာခဲ့သည့် မော်ရိုကိုအသင်းနှင့် ဗိုလ်လုပွဲအတွက်ယှဉ်ပြိုင်ရမည်ဖြစ်သည်။

သမ္မတခရီးစဉ်၏အသေးစိတ်အချက်အလက်များကို အတည်မပြုနိုင်သေးသော်လည်း သွားမည်ကိုတော့ကတိပြုထားသည်ဟုလည်း မစ္စကက်စတယ်လာကပြောကြားခဲ့သည်။

သမ္မတရုံး၏ပြောကြားချက်အရ သမ္မတမက်ခရွန်သည် နိုင်ငံ၏အသင်း ဆီမီးဖိုင်နယ်အဆင့်သို့တက်လှမ်းနိုင်ပါက အဆိုပါပွဲစဉ်အားကြည့်ရှုရန် ကာတာသို့သွားမည်ဟု ပြီးခဲ့သည့်လကပြောကြားခဲ့ကြောင်းသိရှိရသည်။

Source : Reuters


LEAVE A REPLY

Please enter your comment!
Please enter your name here