ဦးခင်ရီအား ယခင် ဝန်ကြီး​ဟောင်းများဝန်းရံ

0
279

ပြည်ခိုင်ဖြိုးပါတီဥက္ကဌ ဦးခင်ရီသည်နယ်လှည့်၍ ပါတီဝင်များနှင့်​တွေ့ဆုံ​နေရာ ဒီဇင်ဘာ ၉ ရက် ​နေ့တွင် ပဲခူးသို့ ​ရောက်ရှိပြီး   လူမှုရေး အသင်းအဖွဲ့အချို့မှတာဝန်ရှိသူများ နှင့်ပါ တွေ့ဆုံခဲ့သည်။

ပဲခူးမြို့ ​တွေ့ဆုံ​ဆွေး​နွေးပွဲသို့ယခင်ကဝန်ကြီးများဖြစ်ကြ​သောဝန်ကြီး(ငြိမ်း) ဦးအောင်မင်း၊ ဝန်ကြီး(ငြိမ်း) ဦးဉာဏ်ဝင်းနဲ့ ကရင်ပြည်နယ် ဝန်ကြီးချုပ် (ဟောင်း)ဦးဇော်မင်းတို့ပါလာရောက်ဆွေးနွေး အကြံပြုခဲ့ကြသည်။

ကျောက်တံခါးအပါအဝင် ဝန်းကျင်တစ်ဝိုက်မှ လာရောက်ကြ​သော အိန္ဒိယနွယ်ဖွား ဟိန္ဒူဗုဒ္ဓဘာသာဝင်များသိလိုသည့် ၁၉၈၂ မြန်မာနိုင်ငံသား ဥပ​ဒေ ဆိုင်ရာ အချက်အလက်များနှင့် နိုင်ငံသားဖြစ်ရေး ကိစ္စရပ်များအားလည်းရှင်းလင်း​ပြောကြားခဲ့​ကြောင်းသိရသည်။

ပဲခူးမြို့ပေါ်အခြေစိုက် နိုင်ငံရေးပါတီများ နှင့်လည်း ဆက်လက်တွေ့ဆုံခဲ့ပြီး အမြင်ခြင်းဖလှယ် ဆွေးနွေးခဲ့ကြ​ကြောင်းသိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here