၂၀၂၂ ခုနှစ်အတွက် ဒုတိယ အကောင်းဆုံး အလတ်တန်းစား SUV ကားဆုကို တရုတ်ထုတ် Chery ၏ TIGGO 8 PRO MAXက ဆွတ်ခူးရရှိ

0
312

မကြာသေးမီက ကမ္ဘာကျော် ဈေးကွက်အတိုင်ပင်ခံနှင့် သုတေသနကုမ္ပဏီ J.D. Power သည် ၂၀၂၂ ခုနှစ်ထုတ် မော်တော်ကားများ၏ စွမ်းဆောင်ရည်၊ သေသပ်မှုနှင့် အပြင်အဆင်ပိုင်းကို လေ့လာ၍ အဆင့်သတ်မှတ်ပေးသည့် APEAL လေ့လာချက်ကို ထုတ်ပြန်ခဲ့သည်။

ထိုလေ့လာချက်တွင် Chery အမှတ်တံဆိပ်သည် ပြီးခဲ့သည့်နှစ်နှင့် နှိုင်းယှဉ်ပါက အဆင့်၈ ဆင့် တက်လာပြီး ပင်မမော်တော်ယာဉ်ဈေးကွက်တွင် အဆင့် ၁၅ နေရာ၌ ရပ်တည်နေသည်ကို တွေ့ရသည်။

Chery ထုတ် ကားများအနက် TIGGO 8 PRO MAX သည် ဂျေဒီပါဝါ၏ အကောင်းဆုံး အလတ်တန်းစား SUV ကားများတွင် ဒုတိယနေရာကို ရရှိထာားသည်။

TIGGO 8 ကားအမျိုးအစားထဲတွင် TIGGO 8 PRO MAX တွင် အားကောင်းသော ပါဝါထရိန်းနှင့် ဉာဏ်ရည်မြင့် နည်းပညာများ ထည့်သွင်းထားပြီး လူလတ်တန်းစား ထိပ်ပိုင်းအလွှာ အတွက် ထုတ်လုပ်ထားသည့် ဇိမ်ခံနှင့် စီးပွားရေးလုပ်ငန်းသုံး SUV ကားအမျိုးအစား ဖြစ်သည်။

“2.0T+7DCT+4WD” နှင့် အဆင်မြင့် ယာဉ်မောင်းအကူအညီ လုပ်ဆောင်ချက် ဆယ်ခုထက်ပိုပါသော ADAS စနစ်တို့ကို ပေါင်းစပ် ထုတ်လုပ်ထားသည့် TIGGO 8 PRO MAX သည် Chery ၏ ထိပ်တန်း SUV ကားအမျိုးစားများကို လူအများမြင်သည့် ပုံစံခွက်ထဲမှ ပြောင်းလဲပေးရန် ရည်ရွယ်ထားသည်

TIGGO 8 PRO MAX သည် TIGGO ကားအမျိုးအစားထဲတွင် စွမ်းအားအမြင့်ဆုံး မော်ဒယ်ဖြစ်ပြီး ၎င်းတွင် တစ်ချိန်က တရုတ်ထုတ် အကောင်းဆုံးအင်ဂျင်ဆယ်ခုမှ တစ်ခုဖြစ်သည့် 2.0 TGDI အင်ဂျင်ကို တပ်ဆင်ထားသည်။

i-HEC ၏ ဒုတိယမျိုးဆက် လောင်ကျွမ်းမှုစနစ်၊ ၊ အဆင်မြင့် မျိုးဆက်သစ် အပူစီမံခန့်ခွဲမှုစနစ်နှင့် အင်ဂျင် ပွတ်တိုက်မှု အလွန်နည်းအောင် လျှော့ချပေးသည့် နည်းပညာတို့အပြင် ဉာဏ်ရည်မြင့် နည်းပညာများကြောင့် ၎င်းသည် အမြင့်ဆုံး မောင်းနှင်အား ၁၈၇ ကီလိုဝပ် နှင့် အမြင့်ဆုံး အင်ဂျင် ဝန်အား ၃၉၀ နယူတန်မီတာ အထိ ထုတ်ပေးနိုင်ပြီး ဇိမ်ခံကား အမှတ်တံဆိပ်များ နှင့် ယှဉ်ပြိုင်နိုင်လောက်သည့် အရည်အသွေးမျိုး ဖြစ်သည်။

ထို့ပြင် TIGGO 8 PRO MAX သည် သုညမှ တစ်နာရီ ကီလီုမီတာ ၁၀၀ ကို ၇ ဒသမ ၃ စက္ကန်ဖြင့် ရောက်အောင် အရှိန်တင်ပေးနိုင်ရုံသာမက ၁၀၀ ကီလိုမီတာ လျှင် ၇ လီတာသာ ကုန်ကျသည့်အတွက် လောင်ဆီစာနှုန်း သက်သာကြောင်း တွေ့ရှိရသည်။

ခိုင်မာသော ကားဖွဲ့စည်းတည်ဆောက်ပုံရှိပြီး ချယ်ရီနှင့် ZF တို့ ပူးပေါင်းဖန်တီးထားသော အလိုက်သင့်ပြောင်းလဲနိုင်သည့် ဉာဏ်ရည်မြင့် 4WD စနစ် ပါဝင်ခြင်းကြောင့် ခရီးရှည်ထွက်ရန်အတွက်ပါ အဆင်ပြေစေမည် ဖြစ်သည်။

TIGGO 8 PRO MAX တွင် ဆီချွေတာရေး စနစ်၊ ပုံမှန်စနစ်၊ အားကစား စနစ်၊ အပျော်စခန်းချ ခရီးသွား စနစ်၊ နှင်းလျှောစီး စနစ်နှင့် လမ်းကြမ်း စနစ်ဟူ၍ မောင်းနှင်မှုစနစ် ၆ မျိုးပါဝင်ပြီး ပတ်ဝန်းကျင်နှင့် လမ်း အခြေအနေအမျိုးမျိုးတွင် ချောမွေ့စွာ သွားလာနိုင်ရန် တီထွင်ထုတ်လုပ်ထားသည်။

TIGGO 8 PRO MAX သည် ၁၀၀ မီတာ အတွင်း 4WD စနစ်သို့ ပြောင်းလဲနိုင်သည့်အတွက် ကားမောင်းရာတွင် စောင့်ဆိုင်းရမည့်အချိန်ကို လျှော့ချပေးမည်ဖြစ်ပြီး လမ်းကြမ်းများ၌ မောင်းနှင်ရာတွင် ပိုမိုအဆင်ပြေချောမွေ့စေပြီး ပိုမိုလုံခြုံသော မောင်းနှင်မှု အတွေ့အကြုံတို့ကို ပေးစွမ်းနိုင်မည်ဖြစ်သည်။

ထိုကဲ့သို့သော အားကောင်းသော အင်ဂျင်စွမ်းအားနှင့် ထူးကဲသော 4WD မောင်းနှင်မှု စွမ်းဆောင်ရည်အပြင် ၎င်းတွင် ပိုမိုလုံခြုံသော အသိဥာဏ်တု နည်းပညာ စနစ်ပါဝင်သည်။

ထို့အပြင် TIGGO 8 PRO MAX တွင် လိုက်လျောညီထွေ ပြောင်းလဲနိုင်သော ကားရှိန်နှုန်းထိန်းကိရိယာ (ACC)၊ အလိုအလျောက် အရေးပေါ်ဘရိတ်ဖမ်းနိုင်စွမ်း (AEB)၊ ယာဉ်အသွားအလာ အချက်ပြဆိုင်းဘုတ်အား မှတ်မိနိုင်စွမ်း (TSR) စသည့် လုပ်ဆောင်ချက်များ အပါအဝင် အဆင့်မြင့် ယာဉ်မောင်းအကူ လုပ်ဆောင်ချက် ၁၂ ခုကို တပ်ဆင်ထားသည်။

အပြင်လောကတွင် အမှန်တကယ် မောင်းနှင်နေစဉ်အတွင်း ACC လုပ်ဆောင်ချက် ဖွင့်ထားပါက TIGGO 8 PRO MAX သည် အခြေအနေကိုလိုက်၍ အမြန်နှုန်း သတ်မှတ်ပေးကာ အရှေ့တွင် ရှိနေသော ယာဉ်နှင့် ဘေးကင်းမည့် အကွာအဝေးမှ မောင်းနှင်မည်ဖြစ်သည်။

အရှိန်ပြင်းပြင်းဖြင့် လမ်းကွေ့လမ်းကောက်များသို့ မောင်းနှင်ခဲ့သည့်တိုင် ACC သည် လမ်းကြောကို အလိုအလျောက် မှတ်ထားပေးမည်ပြီး လမ်းအတွင်းဘက်မှ အမြဲတမ်း မောင်းနှင်နိုင်မည် ဖြစ်သည်။

ထို့အပြင် အရှေ့ရှိ ယာဉ်က ရုတ်တရက် ဘရိတ်အုပ်လိုက်ခြင်း သို့မဟုတ် အခြားယာဉ်များ ရုတ်တရက် ရပ်လိုက်ခြင်းတို့ ဖြစ်လာခဲ့လျှင်လည်း TIGGO 8 PRO MAX ၏ AEB လုပ်ဆောင်ချက်သည် အချိန်မီ ဘရိတ်အုပ် ရပ်တန့်ပေးမည်ဖြစ်ကာ ယာဉ်တိုက်မှုဖြစ်ခြင်းမှ ထိထိရောက်ရောက် ကာကွယ်ပေးမည် ဖြစ်သည်။

J.D. Power က ချီးမြင့်သော APEAL ဆုအား TIGGO 8 PRO MAX က ဆွတ်ခူးနိုင်ခဲ့ခြင်းမှာ ၎င်း၏ အရည်အသွေးအား ကမ္ဘာတစ်ဝန်းမှ သုံးစွဲများက အသိအမှတ်ပြုကြသည်ကို ညွှန်ပြနေပြီး TIGGO 8 ကားမျိုးဆက်များ ဆက်လက် ထုတ်လုပ်ရေးအတွက်ပါ အထောက်အကူပြုနေသည်။

TIGGO 8 PRO MAX ၊ TIGGO 8 PRO နှင့် အခြားထုတ်ကုန်များကြောင့် ယခုနှစ် ဧပြီလမှစ၍ Chery ထုတ် TIGGO 8 ကားအမျိုးစားများ၏ စုစုပေါင်း ရောင်းအားမှာ ၅ သိန်းကျော်အထိ ရှိလာပြီး အလတ်တန်းအဆင့်နှင့် ထိုင်ခုံ ခုနှစ် ခုံပါ SUV ကားများကို အစီးရေ ၅ သိန်း ကျော်အောင် ရောင်းချနိုင်သည့် ပထမဆုံး တရုတ်ဘရန်း ဖြစ်လာသည်။

ထို့ကြောင့် TIGGO 8 ကားမျိုးဆက်သည် Chery အမှတ်တံဆိပ်ကို လူသိများလာအောင် ဆက်လက် ပံ့ပိုးပေးမည် ဖြစ်ပြီး ၎င်း၏ အမှတ်တံဆိပ်ကို လူအများအမြင်တွင် ပြန်လည်ဆန်းသစ်ကာ သတိထားမိလာအောင် လုပ်ပေးရမည့် အရေးကြီးသော တာဝန်ကို ပခုံးပြောင်း ဆောင်ရွက်မည် ဖြစ်ပါသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here