မကြုံစဖူးထူးကဲသော အကူအညီများအတွက် ဘိုင်ဒင်အား ကျေးဇူးတင်ကြောင်း ဇလန်းစကီးပြော

0
217

ယူကရိန်းသမ္မတ ဇလန်းစကီးက အမေရိကန် သမ္မတ ဂျိုးဘိုင်ဒင်နှင့် ဒီဇင်ဘာလ ၁၁ ရက် တနင်္ဂနွေနေ့တွင် ဖုန်းပြောဖြစ်ခဲ့ကြောင်းနှင့် ရုရှား-ယူကရိန်း အရေးအခင်း စတင်ချိန်မှစ၍ ဝါရှင်တန်က ပေးအပ်ခဲ့သော မကြုံစဖူး အကူအညီများအတွက် ကျေးဇူးတင်ကြောင်း ပြောကြားခဲ့သည်ဟု ဆိုသည်။

“ယူကရိန်းကို အမေရိက က ကာကွယ်ရေးနဲ့ ငွေကြေးအကူအညီတွေကို ထူးထူးကဲကဲ ထောက်ပံ့ပေးတဲ့အတွက် ကျေးဇူးတင်တယ်လို့ ပြောခဲ့ပါတယ်” ဟု ဇလန်းစကီးက သူ၏ တရားဝင် တယ်လီဂရမ်အကောင့်ပေါ်တွင် ရေးသားခဲ့သည်။

“အမေရိကန် အကူအညီတွေဟာ စစ်မြေပြင်မှာ အောင်ပွဲတွေ ရရှိစေရုံသာမက ယူကရိန်းစီးပွားရေး တည်ငြိမ်လာဖို့အတွက်လည်း အထောက်အကူပြုပါတယ်။ ယူကရိန်းရဲ့ စွမ်းအင်စနစ်ကို ပြန်လည်ထူထောင်ဖို့ အမေရိကန်က ပေးတဲ့ အကူအညီတွေအတွက်လည်း ကျေးဇူးတင်ရှိပါတယ်။” ဟု ဇလန်းစကီးက ပြောကြားခဲ့သည်။

ယူကရိန်း၏ လျှပ်စစ်စွမ်းအင်စနစ်မှာ ရုရှား၏ ဒုံံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုများကြောင့် အောက်တိုဘာလကတည်းက ထိခိုက်ပျက်စီးသွားပြီး ဆောင်းရာသီတွင် ယူကရိန်းပြည်သူ သန်းနှင့်ချီ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှုနှင့် ရင်ဆိုင်ခဲ့ရသည်။

Source: CNA


LEAVE A REPLY

Please enter your comment!
Please enter your name here