Bank of China မှ မြန်မာကျောင်းသား (၁၀၀)ကို ပညာသင်ထောက်ပံ့ကြေးပေး၊ မြန်မာနိုင်ငံသည် အသွင်းကူးပြောင်းရေးအတွက် အရေးကြီးသည့်ကာလကို ရောက်နေဟု တရုတ်သံအမတ်ပြော

0
240

Bank of China နှင့် တရုတ်ကျေးလက်ဒေသဖွံ့ဖြိုးရေး ဖောင်ဒေးရှင်းမှ ရန်ကုန်တက္ကသို ကျောင်းသား/ ကျောင်း သူ (၁၀၀) ကို ပညာသင်ထောက်ပံ့ကြေးများ ပေးအပ်ခဲ့ကြောင်း သိရသည်။

အဆိုပါ ပညာသင်ထောက်ပံ့ကြေး ပေးအပ်ဖွဲကို ဒီဇင်ဘာ လ (၉) ရက်က ရန်ကုန်မြို့တွင် ကျင်းပခဲ့ခြင်း ဖြစ်သည်။

ယင်းအခမ်းအနားသို့ တက်ရောက်ခဲ့သည့် မြန်မာနိုင်ငံဆို င်ရာ တရုတ်သံအမတ် Mr. Chen Hai က မြန်မာနိုင်ငံသည် အသွင်ကူးပြောင်းရေးအတွက် အရေးကြီးကာလကို ရောက်ရှိနေပြီး တရုတ်နိုင်ငံအနေဖြင့် မြန်မာနိုင်ငံနှင့်အတူ ပညာရေး ၊ လူမှုရေးနှင့် ယဉ်ကျေးမှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်ရန် ဆန္ဒရှိကြောင်း ပြောကြားခဲ့သ ည်။

ထို့အပြင် ရန်ကုန်တက္ကသိုလ် အပါအဝင် မြန်မာနိုင်ငံမှ တ က္ကသိုလ်များနှင့် တရုတ်နိုင်ငံအကြား ကူးလူးဖလှယ်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ပြီး နှစ်နိုင်ငံ ချစ်ကြည်ရင်းနှီးမှုဆက်ဆံရေး ပိုမိုတိုးတက်စေရေးအတွက် လူတော်လူချွန်များ ပိုမိုမွေးထုတ်ပေးနိုင်ရန် ထောက်ခံအား ပေးကြောင်းလည်း Mr. Chen Hai က ပြောကြားခဲ့သည်။

အခမ်းအနားသို့ တက်ရောက်လာသည့် မြန်မာနိုင်ငံ ဗဟိုဘဏ်ဥက္ကဋ္ဌ ဒေါ်သန်းသန်းဆွေမှလည်း Bank of China ရန်ကုန်ဘဏ်ခွဲ၏ မြန်မာ – တရုတ် ပူးပေါင်းဆောင် ရွက်မှုအတွက် တက်တက်ကြွကြွပါဝင်ပြီး မြန်မာနိုင်ငံ၏ စီး ပွားရေး၊ ဘဏ္ဍာရေး ဖွံ့ဖြိုးတိုးတက်မှုများအတွက် အား ဖြည့်ပေးသည့်အပေါ် မြန်မာနိုင်ငံမှများစွာချီး ကျူးကြော င်း ပြောကြားခဲ့သည်။

Bank of China ၏ ပညာသင်ထောက်ပံ့ကြေးစီမံကိန်းသ ည် ရန်ကုန်တက္ကသိုလ်မှ ကျောင်းသားကျောင်းသူ ၁၀၀ ဦးကို နှစ်စဉ် ပညာသင်ထောက်ပံ့ကြေး ပေးအပ်ပြီး ပညာပြီးမြောက်အောင် သင်ယူနိုင်ရန်အတွက် အကူအညီပေးရန် စီစဉ်ထားကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ကြေးပေးအပ်ပွဲအခမ်းအနားသို့ မြန် မာနိုင်ငံဆိုင်ရာတရုတ်သံအမတ်ကြီး Mr. Chen Hai ၊ မြန် မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဌ ဒေါ်သန်းသန်းဆွေ၊ မြန် မာနိုင်ငံဆိုင်ရာတရုတ်သံရုံးမှ စီးပွားရေးသံမှူး Mr. Tan Shufu ၊ Bank of China (Hong Kong) ဒုတိယဥက္ကဌ Mr. Chen Wen ၊ တရုတ်နိုင်ငံ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတ က်ရေးဖောင်ဒေးရှင်း အထွေထွေအတွင်းရေးမှူး Mr. Chen Hongtao ၊ Bank of China (Hong Kong) ရန်ကုန်ဘဏ်ခွဲ ဥက္ကဌ Mr. Liu Ying နှင့် မြန်မာနိုင်ငံ ပညာ ရေးဝန်ကြီးဌာန၊ ရန်ကုန်တက္ကသိုလ်တို့မှ ကိုယ်စားလှယ်များ တက်ရောက်ကြကြောင်း သိရသည်။


LEAVE A REPLY

Please enter your comment!
Please enter your name here